Part-9

339 72 15
                                    

Unicode

ထပ်ခိုးပြတင်းငယ်ဆီကနေ တစ်ဖက်တိုက်ခန်းကို လှမ်းကြည့်နေခဲ့တဲ့ အဒေါ်ကြီးလီ။ ခင်ပွန်းကွယ်လွန်ခဲ့ပြီး ၁၀နှစ်ကျော်ကြာပြီးတဲ့နောက် သူမအတွက် တွယ်တာစရာဆိုလို့ သမီးလေးလီကျစ်ရှန်သာ ကျန်ရစ်၏။ တဖြေးဖြေးနဲ့ အသက်အရွယ်ရလာလေလေ...သူမ မရှိတော့တဲ့နောက် လောကအလယ် တစ်ဦးတည်း ကျန်ရစ်နေမည့် သမီးလေးအတွက် ပို၍ပိုကာ ပူပန်လာရလေဖြစ်သည်။ တက္ကသိုလ်နောက်ဆုံးနှစ်သာရောက်လာသည်...ဝါသနာပါရာအပေါ်မှာသာ အပြည့်အဝရူးသွပ်နေခဲ့တဲ့ သမီးလေးမှာက ရည်းစားသနာဟူ၍ မူးလို့ရှူစရာတောင်မရှိ။

သက်တူရွယ်တူ လူတော်လူကောင်းလေးတွေကို တွေ့မိလျှင် သမီးဖြစ်သူနှင့် အကြောင်းပါစေချင်သည့် သူမရဲ့ ဆန္ဒက တစ်ကိုယ်ကောင်းဆန်နေမည်
လားဘာလား သူမ မတွေးနိုင်...သူမရဲ့တစ်ခုတည်းသော ရည်ရွယ်ချက်က သမီးလေးရဲ့ နောင်ရေးမှာ ကောင်းကောင်းမွန်မွန် ပျော်ပျော်ရွှင်ရွှင်နဲ့ မပူမပင်နေသွားရစေရန်သာဖြစ်သည်။

တစ်ဖက်ခြံရှေ့က ကားအဖြူလေး ရှိနေသေးသည်ကို ကြည့်ရလျှင် ဒီဇိုင်နာကောင်လေးတို့တွေ အိမ်မှာပဲရှိနေကြမည်ထင်၏။ ထို့ကြောင့်သူမက သမီးကိုခေါ်ပြီး တစ်ခေါက်မျှ မျက်နှာပြအလည်သွားရန် ဆုံးဖြတ်လိုက်သည်။

အခန်းထဲကို ဖွင့်ဝင်လိုက်တော့ သမီးဖြစ်သူ လီကျစ်ရှန်က laptopဆီကနေ အကြည့်မခွာဘဲ သူမရဲ့မနက်စာဖြစ်တဲ့ ပေါင်မုန့်ကြော်ကို တမြုံ့မြုံ့ဝါးလို့နေ၏။ အဒေါ်ကြီးလီက သမီးဖြစ်သူထံ စကားဆိုလိုက်သည်။

"ကျစ်ရှန်...အဝတ်အစားသပ်သပ်ရပ်ရပ်လဲလိုက်   ပြီးရင်မားနဲ့သွားစရာရှိတယ်"

လီကျစ်ရှန်က laptop screenပေါ်က လှုပ်ရှားနေတဲ့ပုံရိပ်တွေဆီကနေ အကြည့်မခွာဘဲ မားဖြစ်သူထံ အမေးဆို၏။

"ဘယ်ကိုလဲ မား...ခဏလေး သမီးဒါ ကြည့်ကိုကြည့်ရမှာမို့လို့"

စိတ်မရှည်နိုင်တော့တဲ့ အဒေါ်ကြီးလီက
တံခါးဝမှာ ရပ်နေရင်းကနေ သမီးဖြစ်သူရှိရာဆီ လျှောက်လာလိုက်ပြီး laptopကို ပေါင်ပေါ်တင်ကာ တင်ပျဥ်ခွေထိုင်နေတဲ့ လီကျစ်ရှန်ရဲ့တင်ပါးကို ဖြန်းခနဲနေအောင် ရိုက်ပစ်လိုက်တော့သည်။

302 (Completed)Where stories live. Discover now