Chapter(289) - ခြင်္သေ့၏ဝေစုကိုတောင်းခံသည်

3.4K 860 88
                                    

Unicode

အခန်း(၂၈၉) - ခြင်္သေ့၏ဝေစုကိုတောင်းခံသည်

"ဒါကရွှေစင်တစ်သိန်း ပါဝင်တဲ့ရတနာကဒ်ပါ"

လင်ရွှမ်းဇီက သူ့သိုလှောင်အိတ်ထဲက ကဒ်တစ်ကဒ်အား အပြုံးနဲ့ထုတ်ယူပြီး မဟာအကြီးအကဲဟွိုင်ယွီအား ကမ်းပေသည်။

"သေချာပေါက်ဒါက ဝိညာဉ်ပင်တွေအတွက် လျော်ကြေးတစ်ခုသက်သက်ပါပဲ, ဆရာဦးလေးရဲ့မျက်နှာက ဘယ်လောက်တန်လဲဆိုတာတော့ ကျွန်တော်မသိဘူး? ဆရာဦးလေးကကျွန်တော့ကို အရေအတွက်တစ်ခုလောက် ပြောပေးမယ်ဆိုရင်ရော, အဲ့ဒါဆိုကျွန်တော် စိတ်ပိုင်းဆိုင်ရာ အဆင်သင့် ပြင်ထားလို့ရတာပေါ့"

ဒီတစ်ခေါက်တော့ အံ့အားသင့်စွာ မျက်ခုံးမြှင့်မိတာက မဟာအကြီးအကဲဟွိုင်ယွီ ဖြစ်သွားရသည်။

တကယ်တော့ရွှေစင်(တစ်သိန်း) ဆိုတဲ့ပမာဏက သိပ်မများပေ။ အထူးသဖြင့်ဒီနှစ်တွေအတွင်းမှာ ဝိညာဉ်ကျောက်တုန်းနဲ့သာ အရာအားလုံးကိုပေးချေနေတဲ့ နတ်ဆိုးအသျှင်တစ်ယောက် အတွက်ကတော့ ရွှေစင်တစ်သိန်းက ဖော်ပြဖို့တောင် မထိုက်တန်တဲ့ပမာဏဖြစ်သည်။

ဒါပေမဲ့လည်းလူတစ်ယောက်က ဒီလောက်ပိုက်ဆံအများကြီးကို တိုက်ရိုက်ထုတ်ပေးလာတာကို မြင်ဘူးတာတော့ ပထမဆုံးဖြစ်နေသည်။ အဲ့ဒါအပြင်သူက တွန့်ဆုတ်မှုလည်း လုံးဝမရှိဘူး။ လင်ရွှမ်းဇီကနေရာတိုင်းမှာ ပိုက်ဆံသုံးနေရပြီး သူကိုယ်တိုင်အတွက် ပိုက်ဆံသိပ်မကျန်တော့ဘူးဆိုတဲ့ အဖြစ်မှန်ကြောင့်သာ မဟုတ်ဘူးဆိုရင် လင်ရွှမ်းဇီကတကယ့်တော့ ချမ်းသာကြွယ်ဝတဲ့ လူတစ်ယောက်လို့ မဟာအကြီးအကဲဟွိုင်ယွီက သံသယဝင်မိလိမ့်မည်။

ဒီငွေပမဏကြီးကတော့-

ရွှေစင်တစ်သိန်း..... ဒါက တိုက်ကြီးငါးတိုက်ရဲ့ လက်ရှိတန်ကြေးနဲ့ဆိုရင် သေးငယ်တဲ့အမောင့်လုံးဝမဟုတ်ဘူး

လင်ရွှမ်းဇီအနေနဲ့ဒီလောက် ငွေပမာဏကိုရရှိဖို့အတွက် စွမ်းအင်အမြောက်အမြား ထုတ်သုံးဖို့လိုအပ်မည်ကိုပင် သူစိုးမိသည်။။

ဒီကောင်လေးက တစ်ခြားမေးခွန်းတောင် ထပ်မမေးတော့ဘူး... တစ်ယောက်ယောက်က သူ့ဆီကပိုက်ဆံတောင်းလိုက်တာနဲ့ သူပေးလိုက်တာပဲ....သူကဒီအတိုင်း ရိုးရိုးရှင်းရှင်းတုံးအတာပဲလား ဒါမှမဟုတ်ငရဲလို ဉာဏ်ကောင်းတာပဲလား ဆိုတာကိုတော့ဟွိုင်ယွီမသိတော့ချေ။

(Book-2)အမြင့်မြတ်ဆုံး ကောင်းကင်အရှင်၏ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now