Arc-1.7 Unicode

5.3K 393 52
                                    

လုဝမ်ပိုင် six နဲ့စကားပြောရင်း အတန်းထဲကိုပြန်ဝင်လာလိုက်သည်။ ပြီးတော့သူ့နေရာမှာဝင်ထိုင်လိုက်သည်။

Six- [ host ဘာဖြစ်လာတာလဲ...ဟင်...six မရှိတုန်းက ]

Host- " ဘာမှမဟုတ်ပါဘူး...အမှိုက်တစ်ချို့...သိမ်းလာတာ... "

Six- [ host ကအမှိုက်ကောက်တယ် ...host ကိုယုံမယ့်အစား...တောထဲမှာယုန်သွားဖမ်းတော့မယ် ]

Host- " တုံးလိုက်တဲ့six ရယ် ...အမှိုက်ဆိုတာ...ဇာတ်လိုက်မနောက်လိုက်ခွေးတွေကိုပြောတာ...သူ့နောက်လိုက်
ခွေးတွေက...ငါ့ကိုလာဟောင်နေလို့...နည်းနည်းဆုံးမလိုက်တာ "

Six- [ ဒါဆို host က...အဲ့ခွေး...အဲမှားလို့...အဲ့လူတွေကို...ရိုက်လွှတ်လိုက်တာပေါ့ ]

Host- " နည်းနည်းပါးပါးလေးတင်ရယ်ပါ "

Six- [ host!!!! ]

Host - " ဘာတုန်း "

Six- [ သူတို့သတိထားမိရင်...ဘယ်လိုလုပ်မလဲ ]

Host- " ဘာဖြစ်လို့လဲ....မင်းယောကျာ်း ငါကငြိမ်ခံပေးနေရမှာလား...လောင်ဖောရယ် "

Six- [ host!!!!...မဖောက်လာနဲ့...မသာရဲ့.....သူတို့သတိထားမိသွားရင်...host missionကျရှုံးမှာနော် ]

Host" စိတ်ချစမ်းပါ...ကြောက်တတ်လိုက်တာ...ဘယ်သူမှမသိဘူးရယ်...သိလည်းဘာလုပ်နိုင်မှာမို့လဲ "

လင်းမော့ပိုင်- " ပိုင်လေး...ရန်ဖြစ်တယ်ဆို...ဘယ်နေရာထိခိုက်သွားသေးလဲ "

Host- " ဘယ်နေရာမှမထိဘူး...ခင်ဗျားကြီးကဘာလာလုပ်တာလဲ ... ခင်ဗျားပြန်လိုက်တာကောင်းမယ်နော်... တော်ကြာ...ကျွန်တော်ပိုမဲခံနေရဦးမယ် "

ဇာတ်လိုက်က...ဘာလာလုပ်ရပြန်တာလဲ

လင်းမော့ပိုင်- " ကိုယ်ပြောတာကို...နားထောင်ပါဦး...ကိုယ်နဲ့ ပိုင်လေးနဲ့ကသူငယ်ချင်းတွေမလား ...မနေ့ကကိစ္စအတွက်တောင်းပန်ပါတယ်  "

ဝမ်ပိုင်မှာမနေ့က နမ်းတဲ့အကြောင်းပြောတယ်ဆိုတာကိုသိသောကြောင့် ပါးပြင်လေးများနီရဲသွားရသည်။

Host- " ဘယ်...ဘယ်သူကိုလာပြီး ...ကျွန်တော်တို့နှစ်ယောက်လုံးက...ယောကျာ်း  လေးတွေပဲ...ဘာ...ဘာရှက်စရာရှိလို့လဲ "

system one o six(106) S -1 ( Z &U )Where stories live. Discover now