Arc 1.6 အန်းရီချန်း

1.6K 216 8
                                    

Unicode

သူမဟာ ရှီကျိုးလက်စွပ်ရဲ့ အတွင်းဘက်ကို ကြည့်လိုက်တယ်။ 'မုချီအန်' ဆိုတဲ့သူမရဲ့ နာမည်လေးကို တွေ့လိုက်ရတယ်။

'ချီအန်(jie an) jie-(heroic, outstanding and cleanliness) an-(peace)'
'ရဲစွမ်းသတ္တိနဲ့ ငြိမ်းချမ်းမှု'

အင်း~ရဲစွမ်းသတ္တိနဲ့ ငြိမ်းချမ်းမှု...

သူမဟာ ရှီကျိုးအတွင်း ထွင်းထားသည့် သူမရဲ့ နာမည်ကို တိတ်ဆိတ်ငြိမ်သက်စွာ ကြည့်ရင်း 'ရဲစွမ်းသတ္တိနဲ့ ငြိမ်းချမ်းမှု' ဆိုသည့်ဝေါဟာရကို စိတ်အတွင်း၌ ရေရွှတ်လို့နေတယ်။

သူမရဲ့ အဖိုးပေးထားတဲ့နာမည်လေး...

3-A 3-1 ~

စာသင်ခန်းအဝတွင် ချိတ်ဆွဲထားသည့် ဘုတ်ပြားပေါ်က နံပါတ်တွေကို စာသင်ခန်းအတွင်း မဝင်ခင် အတန်ကြာ စိုက်ကြည့်နေပြီးနောက် သူမ စာသင်ခန်းထဲသို့ ဝင်လာခဲ့တယ်။

အတန်းAဆိုသည့်အတိုင်း အတော်ဆုံးကျောင်းသားတွေ တစ်စုတည်း ဖြစ်နေသည့်နေရာမို့ ဆူညံခြင်းမရှိပါဘူး။ ကျောင်းသားတိုင်းဟာ ကိုယ်စီ စာလုပ်နေကြတယ်။ သို့ပေမယ့် သူမဝင်လာသည်နှင့် စာသင်ခန်းအတွင်းလူတိုင်းရဲ့ အာရုံကို ဖမ်းစားထားနိုင်ခဲ့တယ်။

မူလကိုယ်ရဲ့ မှတ်ဉာဏ်ကို အသုံးပြုပြီး သူမရဲ့ နေရာကို ရှာဖွေလိုက်တယ်။ သူမရဲ့ နေရာဟာ ကျောင်းအားကစားကွင်းကို လှမ်းမြင်နေရပြီး အလင်းရောင် အများဆုံးရှိတဲ့ နေရာလေးပင်။ နွေးထွေးတဲ့ နေရောင်ခြည်ဟာ သူမရဲ့ စာသင်ခုံလေးပေါ် ဖြာကျလို့နေတယ်။ သူမရဲ့ထိုင်ခုံတွင် သူမဝင်ထိုင်လိုက်ပြီးနောက် အချိန်ဇယားအတိုင်း မနက်ပိုင်းအချိန် သင်ရမယ့် စာအုပ်ကို ထုတ်လိုက်တယ်။

ရုတ်တရက် သူမရဲ့ အနောက်ခုံမှ မိန်းကလေးတစ်ဉီးဟာ သူမရဲ့နောက်ကျောကို တစ်ချက်လှမ်းတို့လိုက်တယ်။

သူမလှည့်ကြည့်လိုက်တယ်။ ထိုမိန်းကလေးဟာ သူမကို ပြုံးကြည့်နေပေမယ့် သူမရဲ့အပြုံးတွေဟာ အပြုံးတုတွေမှန်း သူမမှန်းလို့ရတယ်။ မူလကိုယ်ရဲ့ မှတ်ဉာဏ်ကို ပြန်ရှာလိုက်ချိန်မှာ သူမနောက်က မိန်းကလေးဟာ မူလကိုယ်ရဲ့ အချစ်ဆုံး သူငယ်ချင်းတစ်ယောက်ပါတဲ့။

ဒုတိယဇာတ်လိုက် အတွက် ရွှေပေါင်လုံးကြီးဖြစ်ပေးမယ်-(arc1) The Resurrection MissionWhere stories live. Discover now