အကြောင်းအရင်းများစွာ.......
နောက်တစ်နေ့မနက်....ဘဂျမ်း ကယ်ရီဂိတ်ကို စောစောလေးပင်ထွက်ခဲ့သည်။ အလုပ်နားနေရတာလဲ ရက်များပြီ။ လုပ်မှရတော့မည်ဆိုတော့ စောစောပဲထွက်ခဲ့လိုက်သည်။
ကယ်ကီဂိတ်မှာ ဘဂျမ်းကိုစောင့်ကြိုနေသည်က...ပြသနာကြီးဘဂျမ်းဂိတ်ကိုရောက်တာနဲ့ ကွမ်းယာဆိုင်က လင်မယားပြေးချလာသည်။
"ဘဂျမ်း.....မင်းဘယ်တွေပျောက်နေတာလဲကွာ"
"ကျွန်တော် နေမကောင်းတာကြောင့်မလာတာပါ..ရွာကိုလဲပြန်လိုက်သေးလို့ပါ...ဘာဖြစ်လို့လဲဗျ"
"ဟိုရက်က...ဝင်းလှိုင် တို့တွေအားလုံးကို ကြမ်းသွားတယ်ကွ...သူ့ပိုက်ဆံကြွေးမပေးတဲ့ကောင်တွေကိုလဲ ဆဲလိုက်တာကွာ...ငါတို့ဘဝကလဲ သူတို့ကိုအားကိုးနေရတာပါကွာ...စိတ်တွေလဲညစ်ပါတယ်"
"ရိုးရိုးသားသားရှာစားလဲ ထမင်းဝပါတယ်ဗျာ....သူတို့ကို အားကိုးရတဲ့အလုပ် မလုပ်တာအကောင်းဆုံးပါ"
ဘဂျမ်း အေးအေးသက်သာပင်ပြောကာ..ဆိုင်ကယ်ပေါ်တက်ထိုင်နေလိုက်တော့သည်။
လင်မယားနှစ်ယောက်ကတော့ ဘာမှဆက်မပြောဘဲ ပြန်သွားတော့သည်။တစ်ချို့ဆိုင်တွေ မဖွင့်ရသေး။
ကယ်ရီဂိတ်ဆီကိုလဲ ဆိုင်ကယ်တွေ တဖြည်းဖြည်းရောက်လာတော့သည်။
ရောက်လာသမျှလူတွေ ဘဂျမ်းကို ထူးထူးဆန်းဆန်းကြည့်နေကြတာ ဘဂျမ်းသတိထားမိသည်။
ဒါပေမဲ့ နေပါစေလေ...မေးရင် ရောင့်တက်မယ်။
မမေးတော့ဘူး ဆိုပြီး နေလိုက်တော့တယ်။ခဏပဲ ကြာတယ်....ကယ်ရီဂိတ်ကို ဝင်းလှိုင်တပည့် ရောက်ချလာတယ်။ လက်ရုံးတပည့် အားကိုးရတဲ့တပည့်ဖြစ်သလို...အတော်လဲ ဆိုးသွမ်းသည့်လူ..
"ဟေ့ကောင်....ဘဂျမ်း....မင်း ဒီဂိတ်ကိုလာလို့မရတော့ဘူး...မင်း မသိဘူးလား"
ဘဂျမ်းဆီကို တည့်တည့်လျှောက်လာပြီး ရင့်သီးစွာပြောသည်။
"မသိဘူး....ကျွန်တော် ဒီဂိတ်ကို ပိုက်ဆံပေးပြီးဝင်ထားရတာ...ဘာကိစ္စလာလို့မရမှာလဲ"
ဘဂျမ်းလဲ စိတ်ကပေါက်လာတော့ ဘုပင်ပြောချလိုက်သည်။
"မင်းက စောက်ဆံဘယ်လောက်ပေးထားလို့လဲ... လူပါးမဝနဲ့နော်...ဟေ့ကောင်"
YOU ARE READING
မိုးကောင်းကင်နှင့်ကမ္ဘာမြေ....ချစ်ခြင်းသက်သေ
Romanceမိုးကုပ်စက်ဝိုင်းနဲ့ ကမ္ဘာမြေကြီး ထိစပ်သွားသလိုထင်ခဲ့မိတဲ့ အချိန် ကလေးတိုင်းမှာရှိခဲ့ဖူးပါတယ်။ ဘယ်တော့မှ မထိစပ် မဆုံတွေ့ဘူးဆိုတာ သိနေတဲ့အရွယ်ရောက်သည့်တိုင်အောင် ကျွန်တော် မိုးကုပ်စက်ဝိုင်းနဲ့ကမ္ဘာမြေကြီး ဆုံတွေ့ပါစေလို့ ဆုတောင်းမိဆဲ....