Part (36)

14.5K 1.1K 113
                                    

Unicode

စားသောက်ရင်း စကားတွေ ဖောင်ဖွဲ့လာကြတာ ည၁၀နာရီပင် ကျော်နေပြီ .....

လေဟာပြင် အပေါ်ဆုံးထပ်မှာ
ထိုင်နေကြသည်မို့ ချမ်းအေးမှုက
အရိုးထဲထိ စိမ့်လာသည်။

ရိ၀မ်က တိုက်ပုံနဲ့ အောက်မှာလည်း
အင်္ကျီခံထားသည်မို့ အေးမည့်ပုံမပေါ် .....

ဒီထဲမှာ မြန်၀တ်စုံ ၀တ်မထားတာဆိုလို့
ရှင်းနဲ့ ဖန်းချိုသာ ရှိသည်။

ဖန်းချိုက လက်ရှည်ဘောင်းဘီရှည်နဲ့မို့
မချမ်းပေ .....

ရှင်းက အင်္ကျီလက်တိုကို ဒူးလောက်သာရှိသည့် ဘောင်းဘီတိုနှင့် တွဲ၀တ်ဆင်ထားသည်မို့
ချမ်းအေးမှုက အတိုင်းအဆမဲ့ .....

အနားမှာရှိသော အသစ်စက်စက်ချစ်သူကြီးကို ချွဲချင်လာသည်။

" ၀မ်ကောကော .... "

" အင်း ... ကလေး "

" အေးတယ် "

" ကလေးအေးနေတာလား .... ကိုယ်အနွေး ... "

" ကောကောရဲ့ အငွေ့အသက်နဲ့ပဲ
နွေးချင်တယ် "

ရှင်းနှုတ်ခမ်းလေး စူကာပြောတော့
ရိ၀မ်က ပါးစပ်အဟောင်းသားလေး .....

ပြီးတော့ ဘယ်လိုသဘောပေါက်သွားသည်
မသိ မတ်တပ်ရပ်ပြီး ပုဆိုးမှာပတ်ထားသည့်
ခါးပတ်ကို ဆွဲချွတ်သည်။

ရိ၀မ်ရဲ့ လုပ်ရပ်ကြောင့် ကျန်တဲ့လေးယောက်မှာ ကြောင်အ, ကာကြည့်နေကြ၏။

" ရိ၀မ် ..  မင်း .. မင်း ငါတို့ရှိသေးတယ်နော် "

ရိ၀မ်သည် လုံချင်စကားကို
အရေးပင်မစိုက်ပဲ ပုဆိုးကို ကွင်းလိုက်
ခေါင်းကနေ ချွတ်ယူပြီး ရှင်းကိုယ်ပေါ်
လွှားကနဲ တင်ပေးလိုက်လေသည်။

ရှင်းမှာလည်း မျက်လုံးလေးပြူးပြီး
ပါးစပ်အဟောင်းသား .......

" ကလေးတို့ ရိုးရာ၀တ်စုံက ဘယ်ဆိုးလို့လဲ ...
အေးတဲ့အခါ ခြုံလို့ရသား .... "

ရိ၀မ်စကားကြောင့် ရှင်းမှာအောင့်သက်သက်သာ ပြုံးလိုက်ရသည်။

သူ​က ဖက်ထားစေချင်လို့ အထာပေးတာလေ ဘာလို့ ပုဆိုးကြီးထခြုံပေးတာတုန်း ....

The Romance of Two Stars 🚨🚨🚨 ( Complete)Where stories live. Discover now