💫 Unicode version 💫
ခန့်.....နိုးလာတော့ ခေါင်းတွေအရမ်းကိုက်နေသည်။ ဒါပေမယ့်လဲ ဒီနေ့ကသွားရမှာမို့ အတင်းထလိုက်လေသည်။ ဒါပေမယ့် မိမိခန္ဓာကိုယ်က မကြွသွားတဲ့အပြင် ညစ်ခံလိုက်ရသဖြင့် မျက်လုံး အတင်းဖွင့်ကြည့်လိုက်တော့....
" ဟင်.... သူ....သူ "
ဆိုကာ အိမ်မက်လားဆိုပြီး အသားကိုဆွဲဆိတ်ကြည့်တော့ နာတာနဲ့
" သူ.... ဘယ်လိုလုပ် ငါ့အခန်းထဲရောက်နေတာလဲ ပြီးတော့ "
ဆိုကာ မိမိကိုယ့်ကိုယ် ငုံကြည့်လိုက်တော့.... bathrobe ဝတ်ထားတာမို့ မျက်လုံးလေးပိုပြူးသွားကာ
" ဟင်...ည..ညက ငါတို့ အတူတူအိပ်မိတာလား .. မဖြစ်ဘူး မဖြစ်ဘူး "
ဆိုကာ အတင်းထပြေးရန်ကြံလေသည်။
...
...
...
...
...ကိုကို ကိုအရမ်းလွမ်းနေခဲ့တာ.... ခုလိုပြန်ပြီးဖက်အိပ်ရတော့ ရှင်းသန့် အရမ်းဝမ်းသာနေခဲ့သည်။
ညထဲကမူးပြီး အိပ်နေတဲ့ ကိုကို ကိုတစိမ့်စိမ့်ကြည့်ကာ အသဲတွေယားပြီး ဖက်နမ်းချင်နေခဲ့တာ.....
ခုလဲ ရင်ခွင်ထဲက တလှုပ်လှုပ်နဲ့မို့ ကိုကို နှိုးနေမှန်း သိကာ... ဆက်ပြီးအိပ်ချင်ယောင်ဆောင်နေလိုက်သည်။
ကိုကိုရဲ့ အံ့သြနေတဲ့မျက်နှာလေး... ကိုကိုရဲ့ ဖြစ်ပျက်နေတဲ့ မျက်နှာလေးကို ခိုးကြည့်ပြီး မိမိမှာအရမ်း ရီချင်သော်လဲ အောင့်ထားရလေသည်။
ဟော... ကိုကို ထပြေးဖို့ကြံနေပြီ... မရဘူး ရှင်းသန့်လဲ လက်တစ်ဖက်ကိုလှမ်းဆွဲကာ
" ဘာလဲ.... ခင်ဗျားလေးက ကျတော့ဘဝကို တာဝန်မယူဘဲ ထားခဲ့ဖို့ကြံနေတာလား "
ခန့်လဲ ထပြေးဖို့ကြံတုန်း လက်တစ်ဖက်လှမ်းဆွဲခံရပြီး အသံထွက်လာသဖြင့် လန့်သွားရသည်။ ပြီးတာနဲ့ ကုတင်ပေါ်ဆွဲချကာ အတင်းဖက်နမ်းခံရလေတော့သည်။
" ဒီနှုတ်ခမ်းလေးကို လွမ်းနေတာ ဘယ်လောက်တောင် လွမ်းနေလဲ ကိုကိုသိလား"
ဆိုကာ နှုတ်ခမ်းလေးကို ချိုချဥ်ကဲ့သို့ စုပ်နမ်းနေလေသည်။ ဘယ်လောက်ရုန်းရုန်း ရုန်းလို့မရပေ.... တဖြည်းဖြည်းနဲ့ အနမ်းတွေမှာ ကြမ်းတမ်းလာကာ ခန့်အသက်ရှုလို့ပင် မဝတော့ပေ...