Arc.1.13
6K 836 19
ရှန်ယိက မက်မွန်ပင်အောက်တွင် ထိုင်ရင်း သူအား ပြင်းထန်စွာ ရိုက်နှက်ကာ ရေစို အဝတ်ဖြင့် ထွက်သွားသည့် ရွမ်းရီကို ကြည့်ရင်း ဘဝ၏ အဓိပ္ပာယ်ကို မေးခွန်းထုတ်‌မိတော့မလိုပင် ။ " ဒုတ်!! အာ့ "
" ချီးမို့ .. ဒီအချိန်မှ သစ်ပင်ကျိုးကျတယ်လား "
( A/N ; ရှန်ယိက ရိုဆန်ဆန်လေး ဖွင့်ပြောချင်လို့ မက်မွန်ပင်ဆီ ခေါ်သွားဖို့ ကြံခဲ့တာပါ ..Lol 😂)
နောက်ရက်များတွင် သူသည် နန်းဆောင်တွင် ပိတ်မိနေခဲ့ကာ ရွမ်းရီမှာ သူ့အား လာမတွေ့တော့သလို အပြင်လည်း မထွက်ခိုင်းပေ ။ ခိုးထွက်ရန် ကြံစည်ပါသော်လည်း ဟန်ယွဲ့၏ စစ်တပ်နဲ့ အရင်က သူခေါင်းဆောင်ခဲ့သည့် ကိုယ်ရံတော်အဖွဲ့ပါ အကုန်လုံးနီးပါး သူ့ဆီရောက်နေသည်ဟု ထင်ရလောက်အောင်ကို အစောင့်အကြပ်များချထားသဖြင့် ယင်ကောင်တောင် လွှတ်အောင် ထွက်နိုင်မည် မဟုတ်ပေ ။
ဝုန်း!!!!
ပြိုကျလာသည့် နံရံကို မှေးထောက်ကာ ပျင်းရိစွာ ဖြင့် ကြည့်နေလိုက်သည် ။ သူ့နဘေး ပတ်လည်တွင် တိုင်တချို့သည် လှဲကျနေပြီး ထုတ်တန်းများမှာလည်း ပြုတ်ကာနေသည် ။ မြွေနဲ့ အဆိပ်ပြင်းအကောင်များသည် အပ်တစ်ချောင်းဖြင့် အသတ်ခံထားရကာ သေနေသည့် အကောင်များကို ထုတ်ကာ အခန်းပြင်သို့ ပြင်ထုတ်လိုက်သည် ။ အစောင့်များမှာ ပုံမှန်ဖြစ်နေကျအလား သိမ်းသွားကာ တစ်နေရာတွင် မြုပ်လိုက်လေသည် ။
" မင်းက ဒီဘုရင်နဲ့ မပူးပေါင်းရင် ရွေးချယ်စရာ မရှိတော့ဘူး " ယနေ့တွင်တော့ ရွမ်းရီသည် ကြေညာစာရွက်နဲ့အတူ သူ့ထံသို့ ရောက်လာလေသည် ။ ရှန်ယိက စာရွက်ကို ရွမ်းရီ အား မှေးထောက်ကာ ကြည့်‌နေလျက်နဲ့ပင် ဆွဲယူလိုက်ပြီး အလွန်ပျင်းရိနေသည့် အသံဖြင့် ရွတ်ဖတ်လိုက်သည် ။
" ရှန်းမန် စစ်တပ်၏ အကြီးအကဲ ဖြစ်သူ ရှန်ဝမ် သည် နိုင်ငံတော် ပုန်ကန်ရန် ကြံစည်မှုရှိသည်ဟု စုံစမ်းရရှိသည် ။ အဆောင်အယောင်များ ပြန်ရုတ်သိမ်းကာ မင်းသားရာထူးမှ ချလိုက်သည် ။ ရှန်ဝမ်၏ စစ်တပ်အား နိုင်ငံ့အပိုင်အဖြစ် အသုံးပြုမည်။ အညံ့မခံသည့် လူရှိပါက နေရာတွင် သတ်စေ !! " ရှန်ယိ က ဂရုမစိုက်စွာ ပြုံးလိုက်သည် ။ သူငါးနှစ်လောက် ကြိုးကြိုးစားစား တည်ဆောက် ထားသည့် အရာအား ဤကဲ့သို့ လွယ်လွယ်ကူကူ ဖျက်ဆီးနိုင်မည်ဟု ထင်နေကြသည်က ရယ်စရာကောင်းလှသည် ။ အစကတည်း သူ့ကို မတားဆီးခဲ့ရင် ကျန်တဲ့ ကိစ္စတွေကို တွေးမနေသင့်တော့ဘူး ။