Chapter-32 (ကော့တေးပါတီနောက်ကလှည့်ကွက်များ-၂)

13.6K 1.6K 58
                                    

Zawgyi

လော့ရှန်ဟွာတစ်ယောက် ကျန်းလင်းရှကို သတိထားမိပေမယ့် မသိချင်ယောင်ဆောင်လိုက်ပြီးနောက်မှာတော့ သူရဲ့ဒယ်ဒီရဲ့လက်တစ်ဖက်ဟာ သူရဲ့ခါးပေါ်တင်လိုက်ကာ သူ့နားကို ကပ်လာကာ

"ကိုယ်ရဲ့သူငယ်ချင်းနဲ့မိတ်ဆက်ပေးမယ်" လို့ ပြောလာရင်း သူတို့ဆီ လျှောက်လှမ်းလာသည့် အမျိုးသမီးကို လော့ကျန်းပေ့ဟာ ခေါင်းညိတ်ပြလိုက်ပြီး ထိုအမျိုးသမီးဟာ သူမရဲ့ ပုလဲဖြူသွား​လေးများ​ပေါ်​အောင် ပြုံးရယ်လိုက်ပြီး...

"ကျန်းပေ့ နင်လည်း ဒီပွဲတက်ရောက်တယ်ပေါ့" လို့ ပြောလာတော့ လော့ရှန်ဟွာလည်း ထိုအမျိုးသမီးကို ကြည့်လိုက်တော့သည်၊ အနက်ရောင်ဆံပင်တွေကို နှင်းဆီပွင့်ပုံသဏ္ဍာန်ပုံဖော်ထားပြီး နှောင်ဖွဲ့ထားတာကြောင့် ကျော့ရှင်းသည့်လည်ပင်းလေးနဲ့လိုက်ဖက်စွာရှိနေသည်၊ လှပသည့် ခန္ဓာကိုယ်ကောက်လိုင်းပေါ်မှာ ​ငွေအိုရောင် လက်တလုံးကြိုး ညှပ်ရိုးပေါ် ဂါဝန်ရှည်ကို ဝတ်ဆင်ထားတာကြောင့် သူမရဲ့ ကြော့ရှင်းမှုကို ပိုမိုကြည့်​ကောင်း​အောင် ပုံဖော်ထားသလိုပင်၊ ၈လက်မဒေါက်အမြင့်ဟာ တော်ရုံအမျိုးသမီးမဝတ်ရဲသည့်အရှည်ဖြစ်ပေမယ့် သူမကတော့ အေးဆေးစွာပင်၊

'တကယ် ကြည့်ကောင်းတဲအမျိုးသမီးပဲ'

လော့ရှန်ဟွာ ဒီအမျိုးသမီးကို သူသိသည်၊သူ လီရှန်းဟွာဘဝတုန်းက ဒီအမျိုးသမီးနဲ့ တစ်ခါတလေစီးပွား​ရေးအ​ကြောင်း​တွေ ဆွေးနွေးဖူးတာကြောင့် သူရှေ့ရှိ အမျိုးသမီးအကြောင်းနည်းနည်းပါးပါးသိသည်၊ တုအဖွဲ့အစည်းရဲ့ အမျိုးသားဆက်ခံသူတွေနဲတန်းတူ ဆက်ခံသူကို ရရှိထားသည့် အလှကုန် စီပွားရေးနယ်ပယ်မှာ ဘုရင်မတစ်ပါးလို လက်ဝါးကြီးအုပ်ထားသည့် တုမေ့ဟန်ဖြစ်သည်၊ဒါပေမယ့် သူမဟာ ဒီပါတီကို ဦးဆောင်ကျင်းပသည့် အိမ်တော်ရဲ့သားအလတ် စစ်ကျွင်းဝူနဲ စေ့စပ်ထားတာကြောင့် သူမကို အနည်းငယ်နှမြောမိတာအမှန်ပေ၊ တုမေ့ဟန်သည် တကယ်ကို ထက်မြက်ကာ အရည်အချင်းရှိသည့်မိန်းမတစ်ယောက်ဆိုရင် စစ်ကျွင်းဝူကတော့ စေ့စပ်ထားသည့် အမျိုးသမီးရှိလျက်နဲ မိန်းမတစ်ယောက်ပြီး တစ်ယောက်နဲပွေရှုပ်ကာ အပျော်အပါးမက်သည့်လူတစ်ယောက်သာသာပင်၊ သူတို့ဟာ ဘယ်လိုမှ လိုက်ဖက်မှုမရှိသည့်လူနှစ်ယောက်ပေ၊

Daddyရဲ့ ကလေးလေး ဖြစ်ခွင့်ပေးပါလားWhere stories live. Discover now