Arc 1.7 အန်းရီချန်း

1.6K 211 8
                                    

Unicode

'ခွေးမ နင်တမင်လုပ်တာ ငါမသိဘူးများထင်နေလား..'သူမ ထိုလူအုပ်ကြီးကို ဖြေရှင်းချက် ကောင်းကောင်းပေးရတော့မယ်။

ဟူးဝေဖန်း လက်သီးကို တင်းကျပ်ကျပ်ဆုပ်ထားပြီး နှုတ်ခမ်းကို ဖိကိုက်ကာ ဖြေရှင်းချက်ကောင်းကောင်းရှာလေတယ်။
"ငါ..အဲ့လို မဟုတ်ပါဘူး..ငါ.နေမကောင်းလို့ ငိုတာပါ ရှီအာ ငါ့ကို ဘာမှမလုပ်ပါဘူး.."
သူမဟာ ရှီအာကို မကောင်းတဲ့သူအဖြစ် မြင်စေချင်နေတုန်းပါပဲ။ ရှီအာက သူမကို အမြဲအနိုင်ကျင့်နေသည့် အဓိပ္ပာယ် ရောက်အောင် ပြောလိုက်တာပါပဲ။

'အခုထိ ကြာပန်းဖြူ လုပ်ချင်နေတုန်းလား? သရုပ်ဆောင်ချင်နေတုန်းပဲပေါ့ ဒါဆိုလဲ နင့်ရဲ့ကြာပန်းဖြူဇာတ်လမ်းလေးကို ပိုကောင်းအောင် ကူညီပေးရမှာပေါ့...'

ဟူးဝေဖန်းဟာ ရှီအာဘက်သို့ လှည့်လိုက်ပြီး "ရှီအာ..ငါ." တောင်းပန်စကားပြောရန် ပြင်လိုက်ပေမယ့်...ရှီအာဟာ သူမကို စကားဆက်ပြောခွင့်မပြုပဲ ဖြတ်ပြောလိုက်တယ်။
"ရှီအာ ဝေဖန်းကို ဘယ်တုန်းကမှ ဘာမှမလုပ်ခဲ့ပါဘူး ဝေဖန်းလိုချင်နေတဲ့ ပစ္စည်းတွေ ရှီအာ့ကို ပူဆာရင် ရှီအာအမြဲဝယ်ပေးတယ် ဟိုနေ့ကပဲ DECLANရဲ့ limited addition bag တစ်လုံးလိုချင်တယ် ဆိုလို့ ရှီအာ လက်ဆောင်ပေးခဲ့တယ်။ ဒီလို လူကို အမြဲတမ်းအနိုင်ကျင့်နေသူအဖြစ် ပြောနေတော့ တကယ် ဝမ်းနည်းမိတယ်.." သူမဟာ ရိုးသားဖြူစင်တဲ့ ကလေးတစ်ယောက်လိုပြောလိုက်လေတယ်..လူတစ်ယောက်ရဲ့ အရှက်ကို ခွဲတယ်ဆိုတာကို မသိတဲ့ အပြစ်ကင်းတဲ့ကလေးလိုပြောလိုက်တာကြောင့် ဘယ်သူကမှ အပြစ်တင်ရက်စရာမရှိပေ။ ဒါ့အပြင် သူမရဲ့စကားတွေဟာလဲ အမှားတစ်ခုမှ ပါမနေပေ။

မူလကိုယ်ရဲ့ မှတ်ဉာဏ်ကို ပြန်ရှာလိုက်ချိန် ဟူးဝေဖန်းကို ဒီဇိုင်နာ DECLANရဲ့ limited addition bag တစ်လုံး လက်ဆောင်ပေးခဲ့သည်ကို သူမသိခဲ့သည်။ ဒီဇိုင်နာ DECLAN ဟာ နာမည်ကြီး ဒီဇိုင်နာဖြစ်ပြီး မိန်းကလေးတိုင်းဟာ သူ့ရဲ့ အကန့်အသတ်နဲ့ ထုတ်တဲ့ အိတ်တွေကို အလုအယက် ဝယ်ကြသည်။ စျေးသည်လဲ အဆမတန်ကြီးသည်။ ထိုအိတ်တစ်လုံးရဲ့ စျေးနှုန်းဟာ ယွမ်၅၀၀၀၀ကျော် ရှိပါတယ်။ မြန်မာငွေနှင့် ယှဉ်လျှင် သိန်း၁၂၀ကျော်ရှိပါတယ်။ သာမာန်အောက်ခြေလူတန်းစား တစ်ယောက်ရဲ့ လစာဝင်ငွေဟာ ယွမ်ထောင်ဂဏန်းသာရှိပါတယ်။

ဒုတိယဇာတ်လိုက် အတွက် ရွှေပေါင်လုံးကြီးဖြစ်ပေးမယ်-(arc1) The Resurrection MissionWhere stories live. Discover now