Chapter(41):ေဆြမ်ိဳးမ်ား ဆွေမျိုးများ

5.5K 1K 20
                                    

Zawgyi

နောက်တစ်နေ့မနက်ခင်းစောစောတွင် ရှုရန်နဲ့သူ့မိသားစု အနှောင့်အယှက်တွေနဲ့ ကြုံရပြန်တယ်။ ဒီတစ်ကြိမ်မှာတော့ သူ့ရဲ့ဆွေမျိုးအားလုံး ရောက်လာကြတာ ဖြစ်တယ်။ ရှုချိန်ရဲ့သားနှစ်​ယောက်တောင် ပါလာသေးတယ်။ လူတိုင်း ဒီကို ရောက်လာကြတယ်။ အဲ့ဒါက အရမ်းသိသာလွန်းလို့ သူသူတို့တွေရဲ့စိတ်ကို မဖတ်တတ်ဘူးဆိုရင် ရှုရန် ရူးနေလို့ပဲဖြစ်လိမ့်မယ်။

ရှုရန်ကသူတို့တွေကို အထဲကိုမဝင်ခိုင်းသလို လျိုထုံကိုလည်း အပြင်ထွက်ပြီး ဂရုမစိုက်ခိုင်းပါဘူး။ ခြံဝင်းရဲ့ဂိတ်တံခါးဝမှာ ဒီအတိုင်းပဲ မတ်တပ်ရပ်ခိုင်းထားလိုက်တယ်။ သိက္ခာကျမယ့်တစ်ယောက်က သူမဟုတ်တာကြောင့်
သူလှောင်ရယ်ခံရမှာကို ဂရုစိုက်မနေပါဘူး။ သူ့မှာရှုချိန်ကို ကိုင်တွယ်နိုင်မယ့် တစ်စုံတစ်ခုရှိတယ်။ ပြီးတော့ ကျန်းယွဲ့ကလည်း သူရဲ​ဘောကြောင်သူသက်သက်ပဲ။ အားလုံးပေါင်းလိုက်ရင် ဒီမိသားစုကြီးက ဘာမှမဟုတ်ဘူး။

ရှုရန်ကိုအံ့အားသင့်စေတာက ဒါတွေထက်ပိုတယ်။

ရှုရန်ရဲ့ဖေဖေက စကားတစ်လုံးတောင် မပြောရသေးတဲ့အချိန်မှာ လူအုပ်စုတစ်စုက ပွဲကြည့်သမားအမြောက်အမြားခြံရံပြီးတော့ ရုတ်တရက်ပေါ်လာတယ်။

"ရို့ ကြီးကျယ်လိုက်တဲ့နေ့ပဲ! ဆိုတော့ မင်းတို့အားလုံးက မကြာသေးခင်ကမှ ငါ့တူဝယ်လိုက်တဲ့မြေကွက်တွေကို
ကြည့်ဖို့ရောက်လာကြတာပေါ့? မင်းတို့တွေက
အမှန်တကယ်ကို ဒီထက်ပိုကောင်းတာ လုပ်စရာမရှိတော့ဘူးလား?! မြေကွက်ရိုင်းတွေက အဲ့နေရာမှာပဲ တစ်သက်လုံးရှိနေတာလေ။ ကြည့်စရာ ဘာကောင်းနေလို့လဲ? သွား! ဝေးဝေးသွားကြ!"

စကားပြောလိုက်တဲ့သူက လူအများကြီးရဲ့အာရုံကို စွဲဆောင်လိုက်နိုင်တယ်။ ရှုရန်က နက်ရှိုင်းစွာ မျက်မှောင်ကြုပ်လိုက်ပြီးတော့ သူ့ကိုကြည့်လိုက်တယ်။ ဒါက ရှုရန်ဦးလေး
အကြီးဆုံးရဲ့ခင်ပွန်းဖြစ်တယ်။ ရှုရန်ရဲ့ဖေဖေလိုမျိုးပဲ ဒီလူကြီးကလည်းပဲ အရှက်မဲ့ပြီး အကျိုးအကြောင်း မဆီလျော်တတ်ဘူး။

သူ့အနောက်မှာက ရှုရန်ရဲ့တတိယဦးလေးမိသားစု
အပါအဝင် လူအုပ်စုတစ်စုက လိုက်လာတယ်။ သူ့တတိယဦးလေးရဲ့ခင်ပွန်းက စကားသိပ်မပြောတတ်ပေမဲ့ ကြည့်ရတာသူကလည်း သူ့ဦးလေးအကြီးဆုံးရဲ့ခင်ပွန်းလိုမျိုးပါပဲ။ ဒီနှစ်ယောက်က အမှန်တကယ်မှာတော့ ညီအကိုတွေဖြစ်ပြီးတော့ နှစ်ယောက်စလုံးက ရှုမိသားစုထဲကို လက်ထပ်ဝင်ရောက်ထားတာ ဖြစ်တယ်။ ညီအကို ပီသပါပေတယ်။ သူတို့နှစ်ယောက်စလုံးက စိတ်ဒုက္ခပေးတတ်တာချင်း
အတူတူပဲ။

Transmigration : TFLOA "Fool" (BL) [Myanmar Translation]Where stories live. Discover now