🚨 Police 🚨

87.7K 1.6K 433
                                    

𝚄𝚗𝚒𝚌𝚘𝚍𝚎

(⚠️Warning ⚠️ - ရိုင်းစိုင်းသော အသုံးအနှုန်းများပါတဲ့အတွက်အဆင်ပြေမှဖတ်ပါ။)

At busan police department

အခန်းထဲတွင် အကြောင်းအရာတစ်ခုကို လေးလေးနက်နက်နဲ့ဆွေးနွေးနေသော လူနှစ်ဦး။

- ဒီအမှုကို မင်းကိုတာဝန်လွှဲပေးမယ် jungkook ။ ဒီစခန်းမှာ မင်းက အတွေ့အကြုံအရှိဆုံး နဲ့ အတော်ဆုံးပဲ။ ဒီအမှုကတော်တော်ကြီးတယ် အရင်ရဲတွေတောက ဖမ်းလို့မမိလို့ ဘာအကြောင်းမှ မရှိပဲ အမှုကို
ပိတ်လိုက်ရတာ။

- ကျတော် ဖမ်းရမဲ့သူကဘယ်သူမို့လဲ။

- သူ့နာမည်က v သူ့ရုပ်ကိုတော့တစ်ယောက်မှမမြင် ဖူးကြဘူး အမြဲmaskပဲဝတ်ထားလေ့ရှိတယ် ဒါ
ကြောင့်လည်း သူ့ကို ဖမ်းဖို့ခတ်တာနေမှာပါ ပြောကြတာတော့ အသက်၂၀ဝန်းကျင်လောက်ပဲရှိသေးတယ်တဲ့။ သူ့အလုပ်အကိုင်က ကြေးစားလူသတ်သမား။ အမြဲတမ်း တစ်ကိုယ်တော် လှုပ်ရှားလေ့ရှိတယ်ဆိုတော့ သူ့အချက်အလက်တွေရှာဖွေရတာ
ခတ်တယ်။ ဒါမဲ့ ငါတို့အရင်အမှုခင်းနေရာက cctvကနေ အရေးကြီးတဲ့အချက်အလက်တစ်ခုရ
လိုက်တယ်။

အရှေ့မှာချထားတဲ့ laptop ထဲက video တစ်ခုကိုဖွင့်ရင်းဆက်ပြောနေတဲ့ စခန်းမှူး။ jungkook ကတော့ တိတ်ဆိတ်စွာပဲ စခန်းမှူးပြောသမျှကို သေချာနားထောင်နေတယ်။

- တိုက်ခိုက်ရင်း နဲ့ပေါ်သွားတဲ့ သူ့ညှပ်ရိုးနားက vပုံစံတတ်တူး။ သေချာကြည့်လေပို ထင်ရှားလေပဲ။
နောက်ထပ်တစ်ခု ကားဂိုထောင်က cctvမှာလည်း သူ့ကားနံပတ်ကို ရလိုက်တယ်။ ကံကောင်းတယ်ပဲပြောရမလား ငါတို့ သူ့ထက်လက်ဦးအောင် cctv footage တွေ အရင်ရလိုက်တယ် မကြာပါဘူး အဲ့ cctv တွေ
ပျက်သွားရော။ တစ်ခြားစခန်းကို အကူအညီ
တောင်းပြီး ကားနံပတ်ပြားကို ခြေရာခံကြည့်လိုက် တာ အနောက်ပိုင်း စွန့်ပြစ်ဂိုထောင်တစ်ခုနားမှာ နေတယ်လို့ သတင်းရတယ်။ မင်းမလှုပ်ရှားခင် အဲ့နေရာကို တစ်ချက်သွားကြည့်သင့်တယ်လို့ထင်
တယ်။

- ဟုတ် ကျတော်ဒီညသွားကြည့်လိုက်ပါ့မယ် စခန်းမှူး။

- အေးပါ မင်းကိုပဲ အပ်ပါတယ် တစ်ကယ်လို့ မမိ
ရင်လည်း အရမ်းကြီးမစိုးရိမ်ပါနဲ့ကွာ ဒီအမှုက
လည်းပိတ်ထားတာကြာပြီစိုပေမယ့် မင်းလိုတော်တဲ့ ရဲတစ်ယောက်ကို ဖမ်းခိုင်းစေချင်လို့ပါ သူလည်း အခုတစ်လောသိပ်မလှုပ်ရှားတော့ပေမယ့် အရင်
တစ်ပတ်တောက ပြန်တွေ့တာမို့ မင်းကို အမှုလိုက်
ခိုင်းတာ မမိရင်တောင် အကောင်းဆံုးလုပ်ခဲ့ပေါ့ကွာ

Dark collection ✔︎Where stories live. Discover now