😊Oppa😊

39K 873 89
                                    

(ရိုင်းစိုင်းသော အသုံးအနှုန်းများပါတဲ့အတွက် အဆင်ပြေမှာဖတ်ပါ။)

𝐎𝐏𝐏𝐀 𝐊𝐈𝐍𝐊🔞 𝐇𝐘𝐔𝐍𝐆 𝐊𝐈𝐍𝐊🔞

✺✺✺✺✺✺✺✺✺✺✺✺✺✺✺✺✺✺✺✺✺✺✺✺✺✺

At Seoul university

ကျောင်းထဲကို ကားတစ်စီးတစ်ဟုန်ထိုးဝင်လာပြီးနောက် ကားပေါ်မှ ခပ်မိုက်မိုက်စတိုင်နဲ့ဆင်းလာသော ကျောင်းသားတစ်ဦး။ သူ့နာမည်က Jeon jungkook ။ မျက်လုံးဝိုင်းဝိုင်း၊ နှခေါင်းလုံးလုံး၊ နှုတ် ခမ်းပါးပါးတို့ကို ပန့်ပိုးထားသော မေးရိုးရိုးချွန်ချွန်၊ ဆံပင် အနက်ရောင်တို့ကို အနောက်မှာစုစည်းထားပြီး နားကပ်တွဲလောင်းတွေက နားပေါ် တွင် နေရာယူထားသည်။ တောင့်တင်းသော ကြွက်သားအပြည့်နှင့် လက်မောင်းများ၊ ကြယ်သီး သုံးလုံးလောက်ဖြုတ်ထားတာမို့မြင်နေရသော ရင်ဘတ်
ကြယ်ကြီးက မိန်းကလေးတိုင်း မှီခိုချင်စရာ။

" jungkook oppa !!!!! ချောရက်လိုက်တာ"

" jungkook oppa!!! ညမနဲ့တွဲပါ"

"Oppa က ငါ့အပိုင်"

" ဘာလဲနင်က jungkook oppa ကငါ့အပိုင်"

" jungkook oppa!!ချစ်တယ် အရမ်းချစ်တယ်လို့"

" oppa!!! ညမကို ကြည့်ပါဦးး"

ဤသည်မှာ ကျောင်းရောက်တာနဲ့ကြားရတဲ့အသံတွေ။ သူ့နားမှာအကုန်ဝိုင်းအုံလာကြပြီး ငှက်ဆိုးထိုးသံတွေနဲ့ တစ်ယောက်တစ်ပေါက် လာအော်နေကြသည်။

" ဒါဘာဖြစ်နေကြတာလဲ။ နင်တို့ကိုငါနေ့တိုင်းပြောနေရတာပဲ။ သွား အခုချက်ချင်း ကိုယ့်အခန်းကိုယ် သွားကြ။"

P.E Sam ကအမြင်မတော်လို့ဝင်ပြောမှ မကျေမနပ် မျက်နှာတွေနဲ့ ထွက်သွားကြသည်။ တကယ် ရှုပ်တဲ့ဟာတွေ။

သူလည်းသူ့အတန်းကို သူထွက်လာလိုက်တယ်။
ကိုယ်က လမ်းက်ိုအေးဆေးလျှောက်နေပေမယ့် အလကားနေရင်း ဝင်တိုက်ခံလိုက်ရသည်။ ဝင်
တိုက်တဲ့ သူကိုကြည့်လိုက်တော့ အချိန်တွေရပ်တန့်လိုက်သလိုပဲ။ ဘေးကလူတွေအကုန်ရဲ့ လှုပ်ရှားမှုတွေကလည်း ရပ်တန့်သွားသလို အခုသူမြင်နေရတာက သူ့အရှေ့ကကောင်လေးကိုပဲ။ တကယ်လှ
တယ် နတ်သားလေးလိုပဲ တကယ်နန်းစံတဲ့အလှမျိုး။ ရိုးရိုးရှင်းရှင်းလေးနဲ့ကို လှတာ။ ဒီလောက်လှတဲ့ကောင်လေးကို သူတစ်ခါမှမမြင်ဖူးဘူး။

Dark collection ✔︎Where stories live. Discover now