Chapter - 37

8K 1.6K 150
                                    

တနင်္လာနေ့ မနက်စောစော စာသင်ခန်းကတော့ ထုံးစံအတိုင်းဂယက်ထနေလေရဲ့။

ဘာသာရပ်ကိုယ်စားပြုပေါင်းစုံကတော့ အိမ်စာတွေလိုက်ကောက်နေကြပြီး၊ တခြားသူတွေကတော့ အိမ်စာတွေပတ်ကူး၊ ကျန်တဲ့တချို့ကတော့ ပါးစပ်ထဲကို ပေါက်စီလုံးတွေ အတင်းထိုးထည့်နေရှာရဲ့။

မနက်ပိုင်းစာဖတ်ချိန်တွင် ဝူကောကျုံကတော့ လာမယ့်နောက်ဆုံးစာမေးပွဲအတွက် အားနဲ့အင်နဲ့ကြေညာနေလေတယ်။
‘’နှစ်ပတ်ပဲလိုတော့တယ်နော် ကိုယ့်ကိုယ်ကို စိတ်တွေ အာရုံတွေစုစည်းထားကြ၊ နှစ်သစ်ကူးကျောင်းပိတ်ရက်တွေ ပွဲတော်အကြောင်းတွေ တွေးမနေနဲ့တော့ အဲ့တာတွေအကုန်ကပြီးခဲ့ပြီ၊ အခုစာမေးပွဲက ခရိုင်စစ်ဖြစ်လိမ့်မယ် အဲ့တော့ အဆင့်တွေကို ခရိုင်နဲ့ယှဥ်ရတော့မှာပဲ၊ ဒီတစ်ခေါက်ကတော့ ငါတို့ကျောင်းသားတွေရဲ့ အင်အားကိုပြဖို့အချိန်‌ရောက်ပြီ၊ ငါ့ကိုမျက်နှာမပျက်ရစေနဲ့နော်....”

Xi Cheng တစ်ခွင် First Highကပဲ ခရိုင်စစ်စာမေးပွဲတွေဆိုလျှင် အမြဲဦးဆောင်လေ့ရှိသည်။ ကျောင်းသားတွေအတွက်ကလည်း ကိုယ့်အဆင့်ကိုယ်ဂရုစိုက်ကြသည်မို့ လောင်ဝူ့စကားတွေကြားချိန် သူတို့အမှန်ပင်စိုးရိမ်လာမိသည်။

ထိုစိုးရိမ်မှုမှာလည်း ငါးမိနစ်ပင်မကြာလိုက်။

စာဖတ်တန်းပြီးသွားတာနဲ့ မနက်စာစားမပြီးသေးတဲ့သူတွေက ဆက်စားပြီး စကားကြောမပြတ်သေးတဲ့သူတွေက ဆက်ပြောနေကြရှာတယ်။

ဒါပေမယ့် ဆရာတွေကတော့ ‌စာမေးပွဲမတိုင်ခင် သူတို့အတွက်တွန်းအားဖြစ်စေမယ့် နည်းလမ်းကို ခေါင်းကွဲမတတ်စဥ်းစားနေကြရတယ်။ အင်္ဂလိပ်ချိန်တွင်တော့  အခန်းထဲဝင်ဝင်ပြီးချင်း ရွှီပေ့နီက လေ့ကျင့်ဖို့မေးခွန်းစာရွက်လေးတွေဝေသည်။

‘’မင်းတို့တွေ ပိတ်ရက်လေးမှာပဲ အားလုံးကို မေ့ပစ်ခဲ့လို့မရဘူးနော်၊ နှစ်ဆုံးစာမေးပွဲက လက်တစ်ကမ်းမှာတင်၊ ကျောင်းသားတို့ မင်းတို့ အခုအစမ်းဖြေခိုင်းတဲ့အခါမှာ အနည်းဆုံးမှ ၈၀မရရင် မင်းတို့အတွက် လေ့ကျင့်စရာမေးခွန်းတွေ အပုံလိုက်ပဲ စောင့်နေမှာနော်”

Pay Attention To Me [Myanmar Translation]Where stories live. Discover now