|2|

5.1K 634 8
                                    

[Unicode]

အထက်တန်းကျောင်းသားတွေအပေါ် ဖိအားလျော့စေဖို့၊ နိုင်ငံတော်ရဲ့တောင်းဆိုချက်အပေါ် ကျောင်းကလိုက်နာပေးထားတယ်။
နောက်ကျတဲ့အထိကိုယ်ပိုင်စာကြည့်ချိန်တွေမရှိဘူး၊ နေ့ရက်တွေက အထူးတလည်နှစ်လိုဖွယ်ကောင်းနေတယ်။

ကျောင်းပြီးချိန်မှာ၊ ယန်ထန်ဟာ အောက်ထပ်ကဖက်တီးဆီသွားလိုက်တယ်။
လွယ်အိတ်တွေကို ပုခုံးပေါ်ပစ်တင်လိုက်ပြီး ကျောင်းအနောက်ဘက်ဂိတ်ဆီ လျှောက်လာခဲ့ကျတယ်။

"ငါတို့ဘာစားကျမှာလဲ?"

လွယ်အိတ်ကြိုးကိုလှမ်းဆွဲကိုင်လိုက်ပေမဲ့ ယန်ထန်ကအဖြေပြန်မပေးသေးဘူး။

"လမ်းဆုံကဆိုင်မဆိုးဘူး၊ တို့ဖူးလည်းရှိတယ်..."

"အသားတုတ်ထိုးသွားစားရအောင်"
ယန်ထန်က ဖက်တီးစကားကိုဖြတ်ပြောလိုက်ပြီး၊ ကိုယ့်ကိုယ်ကိုပါ ထပ်ဖြည့်ပြောလိုက်တယ်
"ငါ အဲ့ဒါအရမ်းစားချင်နေတာ"

ဖက်တီးမျက်လုံးတွေက တောက်ပသွားကာ၊ အလျင်အမြန်ပဲသဘောတူတယ်။
နှစ်ယောက်သား အသားကင်ဆိုင်ဆီလျှောက်လာကျတယ်။

အသားကင်က မနေ့ကမှစားထားတာ၊ ဆိုင်ကတော့ ယွဲ့အာတို့ကျောင်းအနောက်ဘက်နားမှာ တည်ရှိတယ်။
ထန်ကောက ယွဲ့အာကိုစိတ်ပူနေတာပဲ!

"သူဌေးရေ သိုးသားကင်တုတ်ထိုး အခုသုံးဆယ်ချပေးပါ၊ ပြီးတော့ ကြက်ခြေထောက်အခုနှစ်ဆယ်ထပ်ဖြည့်ဦး! အစပ်လျော့မယ်နော်"
ဖက်တီးကအစားအသောက်မှာပြီးနောက်၊ ခဏစဉ်းစားလိုက်ပြီးမှ ထပ်ဖြည့်ပြောလာတယ်
"ဘီယာများများချ"

"ငါမသောက်တော့ဘူး"

"လူပြောင်းသွားတာလား?"

ယန်ထန်ကခေါင်းငြိမ့်ပြလာပြီး
"ငါကငယ်ရွယ်ပြီး အသက်မပြည့်သေးဘူးလေ"

"မင်းအသက်၁၂နှစ်တုန်းက ငါနဲ့ယွဲ့အာကို အတင်းဆေးလိပ်သောက်ခိုင်းခဲ့ပြီးတော့များ၊ စည်းကမ်းထိန်းသိမ်းရေးကော်မတီဥက္ကဌဖမ်းတာပါ ခံခဲ့ရတယ်လေ"

စကားအဆုံးမှာ ယန်ထန်မျက်နှာကမဲမှောင်လို့သွားတယ်။

ကျွတ်! ငါ့ပါးစပ်ကတော့
မဖွင့်သင့်တဲ့အိုးတွေ သွားဖွင့်မိပြန်ပြီ။

Hedgehog And Tiger [Myanmar Translation]Where stories live. Discover now