( ၇ )

22K 2.9K 80
                                        

<Unicode>

အခန်း ( ၇ )  -  ဗိုလ်ချုပ် ချူ

"လာ ဒီမှာလှဲလိုက်" ဟုံဖန်သည် အဖြူရောင်ကိရိယာတစ်ခုရှေ့ ရပ်ကာ အခင်းကို ပုတ်ပြ၍ ပြုံးသည် "ကောင်ချောလေး"

လော့ကျိုးကျိုးသည် ပိတ်သွားပြီဖြစ်သော တံခါးရှေ့ ရပ်ကာ တုံဏှိဘာဝေဖြင့် မေးသည် "တကယ်လို့ ကျွန်တော်က လူသားတစ်ယောက်မဟုတ်ဘူးဆိုရင် ဘယ်လိုလုပ်မှာလဲ ကျွန်တော့်ကို ပိတ်လှောင်ထားမှာလား မီးစင်တင်ရှို့ပြီး သတ်ပစ်မှာလား"

ဟုံဖန်က သူ့ကို ကြည့်ကာ ဆိုလာသည် "မင်း ကြည့်ရတာ စစ်ဆေးဖို့တောင် မလိုလောက်တော့ဘူးပဲ အဖြေက အခုကတည်းက သိသာနေပြီ"

ထိုစကားကို ကြားလိုက်ရသော် လော့ကျိုးကျိုးမှာ ခန္ဓာကိုယ်တစ်ခုလုံး တောင့်တင်းသွားရလေသည်။

ဟုံဖန်က လျင်မြန်စွာ ဖြည့်စွက်သည် "စနေတာ ကဲပါ ဒီလာခဲ့ မကြောက်နဲ့ မင်း ဦးနှောက်အာရုံကြောတွေကို ဖိနေတာ ရှိမရှိပဲ တစ်ချက်ကြည့်ကြည့်မှာ ငါလည်း မင်းအရွယ်တုန်းကဆိုရင် ထူးထူးဆန်းဆန်းတွေ အရမ်းလျှောက်တွေးခဲ့တာ လူတွေက နားမလည်ပေးနိုင်တော့ ဦးနှောက်ပျက်နေပြီပဲ ထင်ကြရော" ဟုံဖန်က ပြောသည် "ဒါပေမယ့် တကယ်တမ်းကျ သူတို့ကသာ မင်းရဲ့လောကကို နားမလည်ကြတာလေ ဟုတ်တယ် မဟုတ်ဘူးလား"

လော့ကျိုးကျိုးသည် ဘာမျှပြန်မပြောပေ။ အရာအားလုံးကို သူ၏ စိတ်ကူးယဥ်နေသည့် အတွေးများဟု မှတ်ယူကာ အလိုက်အထိုက်နှစ်သိမ့်နေမှန်း သူ သိသည်။

"အကယ်၍ မင်းက တကယ်ပဲ လူသားမဟုတ်ခဲ့တောင် မင်းရဲ့ လျို့ဝှက်ချက်ကို သိမ်းထားပေးမယ်လေနော် မင်းကို မပိတ်လှောင်သလို မီးစင်လည်း တင်ရှို့မသတ်ဘူး" ဟုံဖန်သည် ညာလက်ကို မြှောက်ကာ ကျိန်ဆိုပြလိုက်သည် "ကတိပေးတယ်"

လော့ကျိုးကျိုးသည် သူမ၏ စိတ်ရင်းအမှန်ကို မြင်ရလေရာ အဖြူရောင်အခန်းငယ်ထဲ ဝင်လှဲလိုက်တော့သည်။ ပြီးနောက် အမှာစကားခြွေလေသည် "လျို့ဝှက်စရာမလိုပါဘူး ဗိုလ်ချုပ်လော့ပေကို ကျွန်တော်က သူ့သားမဟုတ်လောက်ဘူးလို့ ယဥ်ယဥ်ကျေးကျေး ပြောပြလို့ရပါတယ်"

ဗိုလ်ချုပ်ကြီးရဲ့ ဗန်ပိုင်းယားအိုမီဂါ〖 Completed 〗Место, где живут истории. Откройте их для себя