Chapter - 127

8.1K 1.3K 152
                                    

Unicode
~~~~~~~~

အမှောင်မှာ Lion ရဲ့နယ်ချဲ့မှုကြောင့် အဖွဲ့အစည်းတစ်ချို့ပျက်စီးသွားတဲ့အတွက် လက်နတ်ကုန်ကူးမှုတွေပိတ်ဆိုးသွားပြီးတဲ့နောက်မှာတော့ Lion အားတိုက်ထုပ်ဖို့ တိုက်ပွဲခေါ်သံတွေလဲ တဖြေးဖြေးလျော့နည်းလာတယ် … နယ်စပ်ဒေသတွေမှာတော့ ဆန့်ကျင်ဘက်ပင် … ရှုယွမ်မရှိတော့တဲ့နောက်မှာ နယ်စပ်ဒေသကိုဦးဆောင်မဲ့သူမရှိ၍ အခက်တွေ့နေကြပေမဲ့ ဂျိုးလ်ကတတ်နိုင်သမျှထိန်းပေးထားတယ် … ဂျိုးလ်ကိုရန်ရှာနေတဲ့သူက အမှောင်လောကနဲ့ဆက်နွယ်နေတဲ့ ဝရမ်းပြေးအဲလက်စ်ကိုယ်တိုင်ပဲ …

အရင်ဝန်ကြီးချုပ်ဟောင်း အန်းဂါးလ်နဲ့အဲလက်စ်က နယ်စပ်စစ်တပ်နဲ့ပူးပေါင်းကာ နယ်ချဲ့ဖို့စီစဉ်ထားကြပေမဲ့ Lion ( ရှန်ဖန်းဂူ ) ကဖော်ထုပ်လိုက်ခြင်းကြောင့် အန်းဂါးလ်ရဲ့အစီအစဉ်တွေပျက်စီးသွားခဲ့ပေမဲ့ ယခုလိုတစ်ဖက်နိုင်ငံရဲ့ပြည်တွင်းရေးမတည်ငြိမ်တဲ့အခြေအနေကိုအခွင့်ယူကာ ထွက်ပြေးနေတဲ့ အဲလက်စ်ကဆက်လက်တိုက်ခိုက်လာခဲ့တယ် … သူတစ်ပြန်ကိုယ်တစ်ပြန် တိုက်ခိုက်နေပြီး ပြည့်သူ့ကာကွယ်ရေးတပ်နဲ့ နယ်ချဲ့အမှောင်လောကသားတွေရဲ့တိုက်ပွဲက အနိုင်အရှုံးကိုမသဲကွဲသလို နယ်စပ်တိုက်ပွဲတွေလဲပြင်းတန်နေဆဲပင် …

' တီ … တီ … တီ '

စည်းချထားတဲ့တံခါးအချက်ပေးသံကြောင့် အစောင့်တစ်ချို့အပြေးအလွှားသွားကြည့်ပြီးနောက် ခနအကြာမှာတော့ ထိုအစောင့်က အိမ်တော်တံခါးအား ခေါက်လိုက်တယ် … အထဲက ထွက်လာသူကတော့ ရှုယွမ်ပင် …

" ဘာကိစ္စရှိလို့လဲ … ဒီနေ့နားရပ်မဟုတ်လား "

" ဟုတ်ပါတယ် Sr … ဒါပေမဲ့ လူတစ်ယောက်ကတွေ့ခွင့်တောင်းနေလို့ပါ "

" ဘယ်သူလဲ "

" အရာရှိတစ်ယောက်ဖြစ်မယ်ထင်တယ် "

" သူ့ကိုဖန်းဂူခေါ်ထားတာလား "

အစောင့်ကမသိကြောင်းပြောပြီးနောက် ထွက်သွားလေတယ် … ခုချိန်မှာ ရှုယွမ်ဟာလဲ ဖန်းဂူနည်းသူအာဏာရှိတဲ့လူတစ်ယောက်မို့ ဖန်းဂူရဲ့လူယုံတွေက ရိုသေလေးစားကြရတယ် … ဒါပေမဲ့ ဖန်းဂူခွင့်ပြုချက်မပါရင်တော့ သူဘာမှလုပ်လို့မရဘူး … ရှုယွမ်ချက်ချင်းပဲ တံခါးနားကိုသွားကြည့်လိုက်တယ် … သူမြင်တွေ့လိုက်ရတာက သူယုံကြည်ရတဲ့သူ ဂျိုးလ်းပင် …

Mafia Is My Alpha ( Lion ) { Completed }Where stories live. Discover now