4

18.9K 2.7K 48
                                    

Unicode

“ခင်ဗျားက ‘နေမင်းအလင်းရောင်’လို့ နာမည်ကြီးတဲ့ ရင်းဆုယဲ့လား..?”

ရွှယ်ယို့ရှန်းက သူ့မျက်ဝန်းထဲက ထိတ်လန့်နေတဲ့ အမူအရာကို ထိန်းချုပ်လိုက်ပြီး မယုံကြည်နိုင်ဟန်စွာ ပြန်မေးလိုက်တယ်။

အခုအချိန်မှာ သူ့ကိုယ်ပိုင်ဝတ္ထုထဲကို ဝိဉာဉ်ကူးပြောင်းလာတာလား..? ဒါမှမဟုတ် နာမည်တူမျိုးရိုးတူတဲ့ လူတစ်ယောက်နဲ့ တိုက်တိုက်ဆိုင်ဆိုင် တွေ့တာလားဆိုတာ အရင်ဆုံး အတည်ပြုဖို့ လိုအပ်နေချေပြီ။ သူ့ဝတ္ထုထဲက ဗီလိန်ဇာတ်ကောင်က ကြယ်စင်အလင်းလို တောက်ပတဲ့ ရွှေရောင်ဆံနွယ်တွေ၊ တစ်ဖက်စိမ်းတစ်ဖက်ပြာ မျက်ဝန်းတစ်စုံနဲ့ ချောမောသန့်စင်တဲ့ မျက်နှာအသွင်အပြင်မျိုး ရှိတယ်။ နေမင်းရဲ့သားတော်လိုမျိုး ချောမောတဲ့ သွင်ပြင်လက္ခဏာနဲ့ သာမာန်လူတွေထက် သာလွန်တဲ့ ကျင့်ကြံမှုစွမ်းရည်ကြောင့် လူအများက ဗီလိန်ကြီးကို ‘နေမင်းအလင်းရောင်’လို့ ခေါ်ဆိုကြလေတယ်။

တိုက်ဆိုင်စွာဖြင့်ပဲ သူ့အရှေ့က အမျိုးသားကလည်း အလားတူအသွင်အပြင်မျိုး ပိုင်ဆိုင်ထားလေရဲ့။

“ဟမ့်..”

ရင်းဆုယဲ့ရဲ့ မျက်နှာထားက ချက်ချင်းဆိုသလို မည်းမှောင်သွားခဲ့တယ်။ ခံစားချက်မပေါ်လွင်ခဲ့ဖူးတဲ့ သူ့ရဲ့ မျက်ဝန်းတွေထဲမှာလည်း ထိုနာမည်ပြောင်ကို မနှစ်မြို့တဲ့ ခံစားချက်တွေနဲ့ ဖုံးလွှမ်းသွားခဲ့တယ်။

“………..”

‘ရာဇဝင်ထဲက အင်အားအကြီးဆုံးအရှင်သခင်’ ဆိုတဲ့ သူ့ကိုယ်ပိုင်ဝတ္ထုထဲကို တကယ်ကြီး ဝိဉာဉ်ကူးပြောင်းလာတာပဲဟ..!

မူလကိုယ်ရဲ့ မှတ်ဉာဏ်တွေမရှိတာတောင် ရင်းဆုယဲ့နဲ့ အခက်အခဲမရှိ စကားပြောနိုင်တာ မထူးဆန်းတော့ပါဘူးလေ။ ဒါက သူ့ရဲ့ သာမာန်ထက်ပိုတဲ့ စွမ်းရည်မှ မဟုတ်တာ။ ဒီကမ္ဘာလောကရဲ့ ဘာသာစကားကိုက တရုတ်စကားဖြစ်နေခဲ့တာပဲ..!

ရွှယ်ယို့ရှန်းကိုယ်တိုင် အမျိုးသားဇာတ်လိုက်နဲ့ ပက်သက်ပြီး ကမ္ဘာတစ်ခုလုံးမှာ အသာလွန်ဆုံးဖြစ်နေအောင် အကောင်းဆုံး ပုံဖော်တည်ဆောက်ထားခဲ့တာ။ ထိုလုပ်ရပ်တွေက သူ့အပေါ်ကိုပါ သက်ရောက်လာလိမ့်မယ်လို့ ဘယ်တုန်းကမှ မထင်ထားခဲ့မိဘူး။

ဝိဉာဉ်ကူးပြောင်းခဲ့ပြီးနောက် သောက်တလွဲတွေဖြစ်ကုန်ပြီ!Where stories live. Discover now