အပိုင်း ၂၇ / အပိုင္း ၂၇

7.8K 946 57
                                    

" အား ကိုကိုး ဖြေးဖြေး နာတယ်ဗျ ဇွတ်လုပ်တာပဲ "

" ငြိမ်ငြိမ်နေပါကွာ အဲ့လိုလှုပ်နေရင် ပိုနာမှာနော် "

" ဖြေးဖြေးလုပ်ပေါ့ဗျ တကယ်တည်း သူ့အသားမဟုတ်တဲ့အတိုင်း အရမ်းလုပ်တယ် "

" အနာမခံချင်ရင် ဘာလို့အစထဲက ငြိမ်ငြိမ်မနေဘဲ ရွ နေလဲ "

" ဪ အခုတော့ ကျုပ်ကို ရွ တယ် လို့ပြောပြီပေါ့ အရင်ကကျ ဒဏ်ရာရရင် သေအောင်စိတ်ပူတတ်တဲ့လူက ဘယ်သွားသေနေတာတုန်း မရခင်က ဖျာလိုလိပ်ပြီး ထိပ်ပေါ်တင်ထားတယ် ရလဲရရော ဖျာလိုခင်းပြီး နင်းတော့တာပဲ မြို့သားတွေက မယုံရဘူးဆိုတာ တယ်မှန်တာပဲ ကျုပ်တော့ ရေစုန်မျောပါပြီ "

တွေ့လား ကြီးကြီးကျယ်ကျယ်တွေပြောနေတဲ့ ကိုယ်ရွှေဂျစ်တူး ။ မနက်စောစောစီးစီးအိပ်ရာနိုးနေပြီး အိမ်အပြင်ဘက်ထွက်လမ်းလျှောက်တယ်တဲ့လေ ။ ရိုးရိုးမလျှောက်ဘဲ တောင်ကပုလေးပေါ် တက်တယ်တဲ့ အခုချော်လဲလာလို့ ခြေသလုံးက ဒဏ်ရာကို ပိုးသတ်ပြီး ဆေးလိမ်းပေးနေတာကို ၇ အိမ်ကြား ၈ အိမ်ကြားအော်တဲ့အပြင် ဆေးလိမ်းပေးတဲ့သူကိုပါ အပြစ်ပြောလိုက်သေးတယ် ။

" ကဲ တော်ပါတော့ ဂျစ်တူးရယ် "

" မတော်နိုင်ဘူး ကိုကိုးက ကျုပ်ကို ဆူပဲဆူနေတာ "

" ဘုရားရေ ကိုယ်က ဂျစ်တူးကို ဆူတယ်တဲ့လား ဘယ်တုန်းကလဲဟင် "

" အခုပဲ မသိဘူး အရင်ကလဲ ဆူတယ် "

" ဟောဗျာ ကိုယ်တောင်မသိလိုက်ရပါလား "

" တွေ့လား ကိုကိုးကကျုပ်နဲ့ပက်သက်တာဆို ဘယ်တော့မှ မမှတ်ထားဘူး စိတ်လဲ မဝင်စားဘူး "

သူ့ရဲ့မျက်တောင်နုနုလေးတွေကအစသိမ်းထားပြီး ထမင်းတစ်လုပ်ကို ပျှမ်းမျှ ဘယ်နှချက်လောက် ဝါးတယ်ဆိုတာ သိနေတဲ့သူကို သူ့အကြောင်းကိုစိတ်မဝင်စားဘူးတဲ့ ။

" အေးပါကွာ တော်ပါတော့ ငိုသံကြီးနဲ့မပြောနဲ့တော့ အခုပတ်တီးလဲစည်းပြီးပြီဆိုတော့ ငြိမ်ငြိမ်လေးထိုင်နေတော့ ကိုယ် မနက်စာ ပြင်ဦးမယ် "

" ဒီမှာ မထိုင်ချင်ဘူး ဧည့်ခန်းထဲပဲ ထိုင်မယ် "

အပြင်ကနေ အော်ငိုပြီး အခန်းထဲခုန်ပေါက်ဝင်လာပြီး မဟာ့ပေါ်ခုန်တက်လာတုန်းက မနာဘူးလားမသိ ။

အထွန်း / အထြန္း ( Completed )Where stories live. Discover now