Chapter 144+145

2.8K 620 5
                                    

Zawgyi
Chapter 144
{ နင့်အတွက် အဆင်ပြေမယ့်အင်္ကျီ မရှိဘူး - ၁ }

ပွဲခန်းမထဲတွင် လူများရှုပ်ခပ်လို့နေလေ၏... မရပ်တံ့နိုင်သော ရယ်မောသံများ၊ ပျော်ရွှင်မှုများနှင့် ပြည့်နှက်လို့နေလေသည်... ရှန်ဝေ့ရင်းရဲ့အကြည့်တို့သည် ဆိုဖာအလယ်တွင်ထိုင်နေသောအမေလုကို တွေ့သွားချိန်မှာတော့ ရပ်တံ့သွားချေတယ်... သူမသည် အမေလုရှိရာသို့ လျှောက်လာခဲ့ပြီးနောက် ပြုံးလိုက်ကာ " အန်တီ... ဂုဏ်ပြုပါတယ်နော်... "

အမေလုသည် အမျိုးသမီးတစ်စုနှင့် စကားပြောနေရာမှ သူမကို စကားဆိုလာသောအမျိုးသမီးငယ်လေးကို လှည့်ကြည့်ကာ ပြုံးပြလိုက်လေတယ်... အမှန်တိုင်းဆိုရသော် သူမဟာ ထိုအမျိုးသမီးငယ်လေးကို မမှတ်မိပေ... စက္ကန့်ပိုင်းလောက် စဉ်းစားလိုက်ပြီးနောက်မှာတော့ " Aww သမီးဝေ့ရင်း... မတွေ့တာကြာတော့ လှလာလိုက်တာ... "

" မစပါနဲ့ အန်တီရယ်... သမီးအခုတလော ရုပ်ရှင်ရှုတင်တွေကြောင့် အိပ်ရေးပျက်ပြီး မျက်ကွင်းတွေ ညိုနေတာလေ... ဘယ်လိုလို့ လှပါ့မလဲ "

ရှန်ဝေ့ရင်းဟာ အများထက်ပိုပြီး ထင်ရှားပေါ်လွင်မှုရှိပြီး ထက်မြက်သောအမျိုးသမီးတစ်ယောက်ပင်... သူမဟာ ကင်မရာထဲ၌ ကြည့်ကောင်းစေရန် သူမခန္ဓာကိုယ်အနေအထားကို ထိန်းထားရသည်... ဥပမာ အရပ်အမြင့်နဲ့ ကိုယ်အလေးချိန်လိုမျိုးတွေပေါ့... သူမရဲ့ပုံစံဟာ တစ်ချက်လေး ကြည့်ရုံမျြှဖင့် အောင်မြင်သည့်အမျိုးသမီးတစ်ဉီးဆိုသည်ကို ချက်ချင်း သိနိုင်ပေ၏... သူမယခုဝတ်ထားသည့်ဂါဝန်လိုမျိုး ဘာဒီဇိုင်းမှ မပါဘဲ အဖြူသက်သက်ဂါဝန်နှင့်တောင် သူမဟာ လူတော်တော်များများရဲ့အာရုံကို ဆွဲဆောင်လိုက်နိုင်လေတယ်...

ရှန်ဝေ့ရင်းအား သူမဉီးလေးငယ်(အဖေရဲ့ညီ)ရဲ့မိန်းမက ဆိုဖာတွင် ထိုင်ရန် ဆွဲလိုက်လေသည်...

ရီကျန်းသည် ရှန်ဝေ့ရင်းရဲ့ဆွဲဆောင်မှုရှိတဲ့ခန္ဓာကိုယ်ကို ကြည့်ပြီးနောက် သူမရဲ့စုဘူးလေး ဗိုက်ခေါက်ကို မသိမသာပြန်ကြည့်လိုက်မိပေ၏...

အမေလုသည် ရှန်ဝေ့ရင်းရဲ့စကားကြောင့် " ညဘက် နောက်ကျမှအိပ်တာ ကျန်းမာရေးအတွက် လုံးဝမကောင်းဘူးနော် သမီး... ရုပ်ရှင်ရှုတင်က ဘယ်လောက်ပဲအရေးကြီးကြီး ကိုယ့်ကျန်းမာရေးကို ပိုဂရုစိုက်သင့်တယ်... သမီးကို ကြည့်ရတာ ပိန်လွန်းနေပြီ... ကျန်းကျန်းဆီကနေ ဘယ်လိုစားသောက်သင့်တယ်ဆိုတာကို သင်ထားသင့်တယ်... ပြည့်ပြည့်ဖောင်းဖောင်းလေးဖြစ်နေမှ ပိုကောင်းတာကွဲ့ ... "

ဗီလိန်ရဲ့ကိုယ်ဝန်ကိုလွယ်ထားရပြီ/ ဗီလိန္ရဲ႕ကိုယ္ဝန္ကိုလြယ္ထားရၿပီ(mm translation)Where stories live. Discover now