Part(12)

4.6K 133 1
                                    

Unicode+Zawgyi

❣️ဦး ဖန် တီး သော အ ချစ် သ င်္ကေ တ❣️

                💫Season 2💫

                  💫Part (12)💫

~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~

"မင်းမင်း "

ရာရာမျက်လုံးပြူးလာရပြီး ပါးစပ်အဟောင်းသားဖြစ်သွားရသည်။ တစ်ဆက်တည်းမှာပင် မင်းမင်းရဲ့အပြုအမူကို မနှစ်မြိုဘဲ သံသယဝင်လာသည်။

"ဘာလုပ်တာလဲ ငါရတယ်ပြောတာကို "

"ဆော ဆောရီး မမ"

လက်ကိုရုတ်သိမ်းလိုက်သည်။ ပြီးနောက်လက်ဆေးကာ ခေါက်ဆွဲပန်းကန်ယူပြီး အိမ်ရှေ့ထွက်လာခဲ့သည်။

မင်းမင်းဘာလို့ ဒီလိုထူးဆန်းနေရတာလဲဆိုတာ ရာရာမစဉ်းစားတတ်တော့ဘူး။ ခဏက မင်းမင်းပုံစံက အရင်နဲ့မတူဘဲ တစွတ်ထိုးဆန်နေသည်။
ကစ်ကစ်ရှေ့မှာ ခေါက်ဆွဲကိုချပေးလိုက်သည်။

"သုံးဆောင်လို့ရပါပြီ ကြက်ဥပါထည့်ပေးထားတယ် "

"မမလေးကလည်း အားနာစရာကြီး "

"ကစ်ကစ်နော် အဲ့လိုမခေါ်ပါနဲ့ဆို "

"အဟင်းဟင်း "

"နင် ဘာလို့အလုပ်ထွက်တာလဲ "

"ဥက္ကဌကို ကြောက်လို့ "

ဟုတ်သည်ပဲ။ မနေ့က ကစ်ကစ်မူးပြီး ဦးသူ့ကို ပြောဆိုထားတာ။

"ဦးသူ့စိတ်ထဲထားမှာမဟုတ်ပါဘူး "

"ငါကလည်းလေ ဘာလို့ အဲ့လိုလုပ်မိတာလည်းမသိတော့ဘူး "

"မူးလို့ဖြစ်သွားတဲ့ကိစ္စပဲ ဦးသူ့နားလည်မှာပါ"

ရာရာတို့စကားပြောနေစဉ် မင်းမင်းရောက်လာပြီး ဆိုဖာပေါ်ဝင်ထိုင်သည်။

"ရာရာ နင်ထူးဆန်းတယ် ဥက္ကဌကိုအကောင်း‌ပြောနေတယ် "

"မဟုတ်ပါဘူး ငါက နင်စိတ်သက်သာရာရအောင်ပြောပြတာပါ "

မျက်စိမျက်နှာပျက်ပြီး အတင်းငြင်းသည်။ ဥက္ကဌအကြောင်းပြောရင် ရာရာ့မျက်နှာ ပြုံးနေတာကို ကစ်ကစ်မြင်နေရသည်။

အတွေးနဲ့အတူ ခေါက်ဆွဲကိုကော်လိုက်တော့ တူမှာခေါက်ဆွဲကပါမလာ။

ဦးဖန်တီးသောအချစ်သင်္ကေတ/ဦးဖန်တီးသောအချစ်သ‌င်္ကေတ (Season 2)[Completed]Where stories live. Discover now