Part(13)

4.5K 140 1
                                    

Unicode+ Zawgyi

❣️ဦး ဖန် တီး သော အ ချစ် သ င်္ကေ တ❣️

                💫Season 2💫

                  💫Part (13)💫

~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~

"အစ်ကို "

သူ့အလုပ်လုပ်နေချိန်မှာ သူ့ကိုခေါ်ပြီးအလောတကြီးအခန်းထဲဝင်လာခဲ့သည့် ခြင်း။

"ဘာလဲ "

"မေးလ် မေးလ် "

"ဘာမေးလ်? "

"ဆောင်း ဆောင်း‌မေးလ်ပို့လာပြီ "

"ဘာ..."

သူ့ကွန်ပျူတာကိုချက်ချင်းဖွင့်ကာ သူ့မေးလ်ကိုစစ်သည်။

"ဘယ်တုန်းကပို့တာလဲ "

"(၁၀)နာရီ(၂၃)မိနစ် စာဝင်လာတော့ ချက်ချင်းပြေးလာတာဘဲ "

ဝင်လာသည့်မေးလ်ကများနေ၍ အချိန်ကိုကြည့်ကာရွှေ့တော့မှာ saung11111@gmail.com ဆိုသည့် ဆောင်းမှပို့လိုက်သည့် မေးလ်ကိုတွေ့လိုက်ရသည်။

ဖွင့်ကြည့်လိုက်တော့ ရာရာကိုယ်ဝန်ပျက်ကျစဉ်က ရာရာ့ခန္ဓာကိုယ်အတွင်းမှာ တွေ့ရသည့်ဆေးမှတ်တမ်းနှင့်အသံဖိုင်တစ်ခုဖြစ်သည်။

အသံဖိုင်ကို နှိပ်လိုက်တော့ အရှင့်အသံထွက်လာသည်။

("ဘာ! ကိုယ်ဝန်ရှိ‌တယ် "

တောက်စ်...

"ဖျက်ချလိုက် နင်က ဆရာဝန်မလား...
ပျက်ကျတဲ့ဆေးဖြစ်ဖြစ် ဘယ်လိုဖြစ်ဖြစ် ကိုယ်ဝန်ပျက်အောင်လုပ် "

"အရှင် ငါကဆရာဝန်လေ ဘယ်လိုလုပ်ပြီးလူသတ်ရမှာလဲ "

"အဲ့တာတွေ ငါမသိဘူး ဆောင်း...
ငါပြောတာမလုပ်ရင် နင့်ဘဝ နင့်ပထွေးလက်ထဲရောက်သွားမယ်ဆိုတာတော့သိတယ် "

"အရှင် "

"ငါ့စိတ်မပြောင်းခင် နင့်အလုပ်ပြီးအောင်လုပ်လိုက် ဆောင်း ")တဲ့။

"တောက်စ် သစ္စာရှင် အကြင်နာတရားမရှိတဲ့မိန်းမ"

ခြင်းက ကြားကြားချင်းစိတ်တိုကာ ပြောသည်။ သူ့နောက်ထပ်တစ်ခါ အသံဖိုင်ကိုပြန်ဖွင့်သည်။

ဦးဖန်တီးသောအချစ်သင်္ကေတ/ဦးဖန်တီးသောအချစ်သ‌င်္ကေတ (Season 2)[Completed]Where stories live. Discover now