Part(18)

3.7K 106 2
                                    

Unicode+ Zawgyi

❣️ဦး ဖန် တီး သော အ ချစ် သ င်္ကေ တ❣️

                💫Season 2💫

                  💫Part (18)💫

~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~

"ဦးသူ့ မထနဲ့နော် လှဲနေ "

သူ့နိုးလာတော့ မျက်နှာကျက်ဖြူဖြူကြီးကိုအရင်မြင်လိုက်ရသည်။ ပြီးနောက် သူ့ဇနီးရဲ့အသံကိုကြားလိုက်ရသည်။

"ကိုယ်အဆင်ပြေပါတယ် ဘေဘီရဲ့"

"မထပါနဲ့ဆို ပြန်အိပ်နေ "

ထထိုင်မဲ့သူ့ကို အတင်းလှဲချသည်။

"ကိုယ်ဆေးရုံမှာမနေချင်ဘူး ‌ဆင်းရအောင်"

"ဦးသူ့မဆင်းရဘူးနော် ‌ဆရာဝန်တွေဆင်းလို့ရပြီလို့မပြောမချင်း ‌မဆင်းရဘူး "

"ဘေဘီကကွာ ကိုယ်တစ်ကယ်အဆင်ပြေပါတယ်ဆို "

"ဟင့်အင်း ဦးသူ့ကဆရာဝန်လား ဒီရက်ပိုင်း အိပ်ရေးပျက်တာ အများကြီးပဲဟာ "

"ခဏက ကိုယ့်ကိုဆေးထိုးပေးပြီးပြီလေ ဘေဘီရာ ကိုယ်သက်သာနေပါပြီဆို "

‌ဦးသူ့ကိုပြောမရ၍ ရာရာနှုတ်ခမ်းဆူလာသည်။ စိတ်ဆိုးချင်ပေမဲ့ ရာရာ့ကိုကာကွယ်ပေးခဲ့သူက ဦးသူ့ဖြစ်နေ၍ စိတ်မဆိုးရက်။

"ဦးသူ့ ရာရာ့ကို မချစ်ဘူးလားဟင် "

ရာရာငိုမဲ့မဲ့ပုံစံနဲ့ မေးလိုက်သည်။ ဒီတိုင်းပြောမရမှတော့ အနုနည်းနဲ့ပြောရမှာပေါ့။

"ဘယ်လိုမေးလိုက်တာလဲ ဘေဘီရာ ကိုယ်မင်းကိုချစ်တာ ချစ်တယ်ဆိုတဲ့စကားတစ်ခွန်းနဲ့တောင် မလုံလောက်တော့ဘူး "

သူ့ပြာပြာသလဲ ပြန်ဖြေပါသည်။ ရာရာဦးသူ့လက်ကို ဆုပ်ကိုင်လိုက်ရင်း...

"ဒါဆို ဆေးရုံမှာနေပါနော် ဦးသူ့အားမရှိရင် ရာရာတို့သားအမိဘယ်လိုအားရှိတော့မှာလဲ နော် ဦးသူ့က ရာရာတို့အတွက်မရှိမဖြစ်ဗီတာမင်လေးလေ ဗီတာမင်လေးက အားရှိမှဖြစ်မှာပေါ့ နော်..."

သူ့သိလိုက်ပါပြီ။ ရာရာသူ့ကိုအနုနည်းနဲ့ ဆေးရုံမှာနေအောင်လုပ်နေတာပဲ။ အပြင်ပန်းက မပြုံးပေမဲ့ စိတ်ထဲမှာတော့ အကြိမ်ကြိမ်ပြိုလဲနေပြီဖြစ်သည်။ ရာရာကိုဖက်နမ်းချင်စိတ်က တားဆီးမရ။ သို့သော်...

ဦးဖန်တီးသောအချစ်သင်္ကေတ/ဦးဖန်တီးသောအချစ်သ‌င်္ကေတ (Season 2)[Completed]Where stories live. Discover now