Part(19)

3.6K 115 1
                                    

Unicode+ Zawgyi

❣️ဦး ဖန် တီး သော အ ချစ် သ င်္ကေ တ❣️

                💫Season 2💫

                  💫Part (19)💫

~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~

"တာဝန်ကြီးတစ်ခုကို ထမ်းဆောင်နေတဲ့ခင်ဗျားက ဘာလို့ သူများဆံပင်ကို အရင်ဆွဲရတာလဲ ဘယ်လောက်ပဲ နှုတ်ကနေစော်ကားပြောနေပါစေ လက်ပါတဲ့ထိတော့ မတုန့်ပြန်သင့်ဘူး ဒေါ်သစ်သစ်လွင် "

"ကျွန်မသိပါတယ် "

"သိရင် ဘာလို့လက်ပါရတာလဲ ခင်ဗျား‌တို့ကြောင့် ဟိုတယ်နာမည် ထိုးကျလုနီးပါးပဲသိရဲ့လား တောက်စ် "

ခြင်းစိတ်တိုပြီး ဒေါသသံတွေပါ ပါလာသည်။ အစက အေးအေးပြောဖို့စဉ်းစားထားပေမဲ့ ပြဿနာရှာလွန်းတတ်သည့် ဒေါ်သစ်သစ်‌လွင်ကြောင့် စိတ်မထိန်းနိုင်တော့။ ဟိုတယ်နာမည်လည်း ထိခိုက်သွားတော့ ပိုပြီးစိတ်တိုရသည်။

"ဒါတွေက ကျွန်တော်ကြောင့်ဖြစ်တာပါ ဒုဥက္ကဌ"

"ဘယ်သူ့ကြောင့်ပဲဖြစ်ဖြစ် ‌ဒေါ်သစ်သစ်လွင်က အရင်ဝင်ပါပြီး ကိုယ်ထိလက်ရောက်ကျူးလွန်ခဲ့လို့..."

"ကျွန်မနဲ့ မင်းယောက်ျားကို စွပ်စွဲလိုက်တဲ့စကားကြားရင် ရှင်လည်းစိတ်တိုမှာပဲ ဒုဥက္ကဌ ကျွန်မနေရာမှာ ရှင့်မိန်းမဖြစ်သွားကြည့်ပါလား ရှင်ကကျွန်မကထက်ဆယ်ဆလောက်ပိုပြီး စိတ်တိုနေရမှာ"

သစ်သစ်လွင်က ခြင်းကိုဥပမာပေးပြီးပြောလိုက်၍ ခြင်းမျက်နှာ နီရဲသွားသည်။ လေးစားမှုကိုမရှိဘူး။

"ကျွန်တော် တာဝန်ယူပါ့မယ် ကျွန်တော့်ပေါ့ဆမှုကြောင့် ဒီလိုဖြစ်သွားတာပါ ‌ကျွန်တော့်ကိုအပြစ်ပေးပါ ဒုဥက္ကဌ "

"နင်ကဘာလို့ တာဝန်ယူမှာလဲ ငြိမ်ငြိမ်နေစမ်း"

သစ်သစ်လွင် မင်းမင်းကို‌ ရင်းနှီးသလိုပြောကာ ဟောက်လိုက်၍ ခြင်းဒေါသထွက်နေရတဲ့ကြားမှ မျက်ခုံးအစုံပင့်တက်သွားရ၏။ မင်းမင်းကိုအလုပ်သွင်းပေးတဲ့ ဒေါ်သစ်သစ်လွင်နဲ့ မင်းမင်းကဘယ်လိုပတ်သတ်နေရတာလဲ???

"ကျွန်မကိုပဲအပြစ်ပေးပါ ဘာပဲဖြစ်ဖြစ်ကျွန်မဘက်ကအရင်စတာပဲ "

ဦးဖန်တီးသောအချစ်သင်္ကေတ/ဦးဖန်တီးသောအချစ်သ‌င်္ကေတ (Season 2)[Completed]Where stories live. Discover now