Part 31 (U+Z)

5.2K 406 30
                                    

#Unicode

အခန်းထဲမှာ ငိုနေသည့် မမားကို လင်းရာ ဘယ်လို စကားစပြောရမှန်းမသိပေ။ မမား ဝမ်းနည်းနေမည် ဆိုတာကို လင်းရာသိသည်။ မမားရှိရာ အခန်းထဲကို ဝင်လာခဲ့ပြီး ကုတင်ပေါ်မှာ လှဲနေသည့် မမားဘေးမှာ ဝင်ထိုင်လိုက်သည်။

"မမား"

"ဟင်"

"သားကို ဘာစကားမှ မပြောတော့ဘူးလားဟင်"

"မမား ရင်တွေနာလို့ပါ သားသားရယ်။ သားသားအပေါ်မှာ မမား မျှော်လင့်ချက်တွေ အများကြီး ထားခဲ့တာ"

"သားတောင်းပန်ပါတယ်"

"ယောင်္ကျားလေးချင်းကြိုက်တာကို မမားလည်း ခေတ်လူငယ်မို့ နားလည်ပေးနိုင်တယ်။ နားလည်မပေးနိုင်တာက သားသားကြိုက်တဲ့သူက ဘုန်းစစ်ပိုင်ဖြစ်နေတာကိုပဲ။ မမားနားမလည်နိုင်ဘူး သားသားရယ်။ ဘာလို့ ဘုန်းစစ်ပိုင်မှလဲ။ အရှေ့မှာ မမားတစ်ယောက်လုံး သူ့ကြောင့်နာကျင်ခဲ့ရတာကို သားသား မသိခဲ့တာလည်း မဟုတ်ဘဲနဲ့"

"သားသိခဲ့ပေမယ့် လူကြီးကို မလွန်ဆန်နိုင်ခဲ့ဘူး"

"သားသား မိုက်လွန်းအား ကြီးတယ်။ မမားတောင် သူ့ကြောင့်နာကျင်ခဲ့ရလို့ မခံစားနိုင်တော့တဲ့အဆုံး လမ်းခွဲခဲ့တာ။ ဘာလို့ သားသားက သူနဲ့မှ ချစ်သူဖြစ်ရတာလဲကွယ်။ မမား ရင်တွေနာလိုက်တာ"

"သားဘဝထဲကို လူကြီးက ဇွတ်အတင်းဝင်လာခဲ့တာ"

"မချစ်လို့မရဘူးလား"

"သား ချစ်နေမိပြီ မမား"

"ချစ်နေရုံနဲ့ မပြီးသေးဘူးသားသား။ ရှေ့ဆက်ရမယ့် ဘဝမှာ လောကဓံကို ရင်ဆိုင်ရဦးမယ်။ လောကဓံဆိုတာ ရှိသေးတယ်သားသား။ အဲ့ဒီလောကဓံနဲ့ ကြုံလာရတဲ့အခါ သားသား ခံနိုင်ရည်ရှိမှာ မဟုတ်ဘူး။ လူတွေရဲ့မျက်လုံးအကြည့်တွေ ၊ ပါးစပ်က အပြောအဆိုတွေကို သားသား ခံနိုင်ရည်ရှိနိုင်မယ် မထင်ဘူး။ လူ့ဘဝက သားထင်သလို မလွယ်ကူဘူး သားသား"

"သား နားလည်ပါတယ်"

"အချစ်က နှစ်ယောက်ထဲ ချစ်နေရုံနဲ့ ပြီးမသွားဘူး။ အချစ်တွေနဲ့ ဘဝကို တည်ဆောက်ချင်ရင် မိသားစုဆိုတာလည်း ထည့်တွေးရမယ်။ မိသားစုကို ကျောခိုင်းနိုင်ရင် အချစ်နဲ့ဘဝကို သားတို့ကိုယ်တိုင် တည်ဆောက်ကြပေါ့။ ဘာမှမပြောလိုဘူး။ မိသားစုကိုလည်း ကျောခိုင်းဖို့ မဖြစ်နိုင်ဘူးဆိုရင် ကိုယ့်အချစ်ကို ကိုယ်သေချာ ပြန်စဉ်းစားရတော့မယ်။ ရူးမိုက်လို့ မရဘူးသားသား"

မြတ်နိုးစွာ နှောင်ဖွဲ့မိသောWhere stories live. Discover now