💕 မင်း / မင္း - 11

6.8K 331 40
                                        

✍️ Unicode

💕 မင်း
-----------------

" ဟယ်လို… မင်္ဂလာပါ… ဘယ်သူပါလဲခင်ဗျာ…… "

ဟိုနေ့က ညီ ဆိုတဲ့နေရာမှာ မင်း လို့ပြောင်းထားခဲ့တာမို့ အဖိုးကြီးပေါက်စမျက်စိလည်ကုန်ပြီထင်သည်။မင်္ဂလာပါတွေ ဘာတွေဖြစ်ကုန်သည်။

" အဟက်…… "

တစ်ချက်ရယ်လိုက်ရင်း

" အစ်ကို… ညီ့ကိုလာခေါ်…… "

" အမ်… ဘယ်မှာလဲ…… "

" စားနေကြ ထွဋ်ခေါင်စားသောက်ဆိုင်က အခန်းနံပါတ်နှစ်ထဲမှာ…… "

" အိုကေ… အိုကေ… ကိုယ်လာနေပြီ…… "

ချက်ချင်းဖုန်းချသွားတော့မှ ရှေ့ကဘီယာခွက်ကိုကိုင်ကာ နောက်ထပ်မော့ဖြစ်ပြန်သည်။ Double Black ပါရောထားတာမို့ အမူးရှိန်ကတရိပ်ရိပ်တက်လာနေသည်။

" ဘာလို့အဲလောက်သောက်နေရတာလဲ…… "

တံခါးပွင့်သွားနဲ့အသံနဲ့အတူ အဖိုးကြီးပေါက်စအသံက နောက်ကကပ်ပါလာသည်။

" အ… မြန်လှချည်လားအစ်ကိုရ…… "

" လျှာရှည်မနေနဲ့… အပြင်မှာမိုးဖွဲလေးတွေလည်းကျနေတယ်… လာ… အဆောင်ကိုပြန်ကြမယ်…… "

ဆံပင်ပေါ်ကမိုးရေတွေကိုခါချရင်း အနားလာခေါ်နေတဲ့ အဖိုးကြီးပေါက်စလက်ကိုဆွဲကာ ထွဋ်ခေါင်ဘေးမှာထိုင်ခိုင်းလိုက်သည်။

" ခဏလေးပါဗျာ…… "

" ဘာတွေလုပ်ဦးမှာမို့လဲ… သောက်နေတာလည်းတော်စေတော့… မင်းတော်တော်မူးနေပြီမို့လား ပြန်ကြရအောင်…… "

ရှေ့ကပုလင်းတွေခွက်တွေသိမ်းဖို့ပြင်နေတဲ့အဖိုးကြီးပေါက်စကို ဘေးကထိုင်ကြည့်နေမိသည်။

အမြဲတမ်းလိုလိုနောက်ကိုလှန်ဖြီးထားတတ်တဲ့ လှိုင်းတွန့်လိုဆံပင်လေးတွေက နဖူးပေါ်ကို ကပိုကယိုကြနေကြတော့ အရင်ကထက်ပိုပြီးနုသွားသလို ဖြူဝင်းတဲ့အသားအရေကလည်း အခန်းထဲကမီးရောင်ပြောင်းတိုင်း အရောင်တွေလိုက်ပြောင်းနေတာမို့တော်တော်ကြည့်လို့ကောင်း‌နေပြန်သည်။

💕 မင်းDonde viven las historias. Descúbrelo ahora