Part (41)

11.4K 883 47
                                    

Unicode

အခုတလော ကျန်းလုပ်ငန်းစုဘက်တွင်
မြို့တော်၀န်၏ သမီးခြေရာတွေ
ထပ်နေသည်။

မီဒီယာတချို့ကလည်း သို့လောသို့လောနှင့်
အရိပ်အမြွက်တွေ ဖော်ပြနေကြ၏။

" ၀မ် ... တို့ကို ညစာလိုက်ကျွေးပါလား "

လက်မှတ်ထိုးနေရင်း ချင်မန့်ရဲ့
စကားကို မကြားဟန်ဆောင်နေလိုက်သည်။

လူကို ရိ၀မ်တောင်မခေါ်ပဲ
တစ်၀မ်တည်း ၀မ်​နေတာ
နားကြားပင်းကပ်လာပြီ။

ပါပါးမျက်နှာမပျက်စေချင်လို့
အလိုက်ထိုက်ဆက်ဆံပေးနေတာ
ရိ၀မ်စိတ်နဲ့ဆို ဂုတ်ကဆွဲပြီး ရုံးခန်း၇လွှာကနေ အောက်ကိုပစ်ချပေးလိုက်တယ် .....

မြို့တော်၀န် ဂုဏ်မှမထောက်
လိုက်ကပ်တွယ်နေတာက စိတ်ပျက်စရာ ....

" ၀မ်လို့ .... "

ဆေးဆိုးထားသော နှုတ်ခမ်းကို
မူပိုကာ ချစ်ဖို့ကောင်းအောင် လုပ်ပြနေသော
သူမက အခြားသူများကို ဆွဲဆောင်ကောင်းဆွဲဆောင်နိုင်လိမ့်မည်ဖြစ်သော်လည်း
ရှင်းမျက်နှာတစ်ကမ္ဘာလုပ်နေသော
ရိ၀မ်အတွက်တော့ အသုံးမ၀င်ပါချေ .....

" ချိန်းထားတာရှိသေးလား လီဖန်း ... "

ရိ၀မ် အတွင်းရေးမှူးကို လှမ်းမေးလိုက်သည်။

" ဒီနေ့အတွက် Koreaကလာတဲ့
ကိုယ်စားလှယ်တွေနဲ့ ညစာစားဖို့ရှိပါတယ် "

ရိ၀မ်က ချင်မန့်ကို ကြားတယ်နော်ဆိုတဲ့
သဘောနဲ့ကြည့်လိုက်တော့
ချင်မန့်က မျက်နှာတစ်ချက်ပျက်သွားသည်။

" ၀မ်က တို့ကိုဆို ဘယ်တော့မှ အချိန်မပေးဘူး .... "

" အချိန်ပေးရလောက်တဲ့ ပတ်သက်မှု
ရှိလို့လား .... "

ရိ၀မ်ရဲ့ စကားက​ ချင်မန့်ကို အရှိုက်ထိသွားစေသည်။

ရှက်ပြီးမျက်နှာရဲကနဲဖြစ်သွားပေမယ့်
ချင်မန့်က အခြေအနေကို ပြန်ထိန်းသည်။

" တို့ကို ညီမလေးတစ်ယောက်လိုတောင်
သဘောမထားဘူးလား ၀မ် ... "

" အင်း ... မထားဘူး "

တကယ်လည်း ရိ၀မ်စိတ်ထဲ ချင်မန့်မှမဟုတ်
ဘယ်သူစိမ်းမိန်းကလေးကိုမှ
မိတ်ဆွေအဆင့်ကလွဲပြီး ညီမလေးလို
အမလိုတွေ ခေါင်းစဥ်တပ်ပြီး
ရင်းရင်းနှီးနှီးမရှိခဲ့ဖူး ......

The Romance of Two Stars 🚨🚨🚨 ( Complete)Where stories live. Discover now