Part 32 (U+Z)

5.1K 426 51
                                    

#Unicode

ခင်လေး သုံးလေးရက်လောက် အခန်းထဲမှာ ကြိတ်ငို၍ စိတ်ဖြေပြီးတဲ့နောက် အပူရုပ်ကို ဟန်လုပ်ပြုံးဖို့ ကြိုးစားရတော့သည်။ အချိန်‌တွေကြာသွားရင် ဖေဖေ စိတ်ပူနေမယ်မို့လား။

"သမီး သက်သာပြီလား"

"ဟုတ် ဖေဖေ သက်သာပြီ"

"အေးအေး သမီး။ ဖေ့သမီးလေး ဘောလုံးပွဲရက်ဆို လန်းဆန်းတက်ကြွနေတတ်တာ ဒီတစ်နှစ်ကလေး ကဲရပါတော့မယ်ဆိုမှ ဖျားရတယ်လို့ကွာ"

ဖေဖေ့စကားကြားတော့ လင်းရာ စိတ်မကောင်းဖြစ်ရသည်။ မမားရဲ့ ပျော်စရာအချိန်တွေနဲ့ အမှတ်တရတွေကို လင်းရာကြောင့် ပျက်စီးစေခဲ့မိပြီ။

"ဖေဖေ ကတော့ ‌ပြောပြီ။ ကိုယ့်သမီးလေးအကြောင်းဆို အကုန်သိပဲ"

"ဖေဖေ့ အချစ်ကလေးတွေကိုး"

"အဲ့ကြောင့် ခင်လေးဖေကြီးကို ခင်လေးက အရမ်းချစ်ရတာ"

"ဖေကြီးကလည်း ဖေ့သမီးလေးနဲ့သားလေးကို အသဲစွဲနေရတာ"

"အားးးပါးးးးးပါးးးးး ဖေကြီးကတော့ သားအဖချင်းတောင် ခြွေပြန်ပြီကွာ။ ကြွေရပြန်ပြီ ဖေကြီးရာ"

မမားနဲ့ ဖေဖေ ပျော်နေတာ မြင်ရတော့လည်း လင်းရာပါ ပျော်ရသည်။ ဖေဖေက လင်းရာရဲ့ ဖြစ်တည်မှုကို လက်ခံနိုင်ပါ့မလား။ ဖေဖေသိရင် အရမ်းများ စိတ်ညစ်သွားမလား။ သားအရမ်းဆိုးလွန်းတယ်နော် ဖေဖေ။ ဖေဖေနဲ့မမားက မေတ္တာတွေ အပြည့်ပေးပြီး နေမထိ လေမခ ထားခဲ့လို့ထင်တယ် သားအရမ်းဆိုးတယ်။

ဒီလိုနဲ့ တစ်နေ့ပြီးတစ်နေ့ ဖေဖေ့ကို အားနာရင်း လူကြီးကိုလွမ်းရင်း မမားမျက်နှာကိုကြည့်ရင်းနဲ့ပဲ အိမ်မှာနေနေရတာ တော်တော်တောင် ကြာနေပေပြီ။

ဒီနေ့ စစ်ပိုင်တို့နဲ့ MP အငယ်သင်းနဲ့ ကန်ရမှာမို့ ဘေဘီ့ကို ရှာကြည့်မိပေမယ့် မတွေ့ရပေ။ ကိုယ်က ဝင်မကန်နဲ့လို့ ပြောလို့များ ဝင်မကန်ခဲ့တာလား ဘေဘီ။ ဘောလုံးကန်ရင်တော့ မင်းကို တွေ့ရလိမ့်မယ်လို့ ကိုယ်ထင်နေခဲ့တာ။ ကိုယ့်အလိမ္မာလေးက ကိုယ့်စကားကို နားထောင်ရှာသားပဲ။

မြတ်နိုးစွာ နှောင်ဖွဲ့မိသောWhere stories live. Discover now