Ep-24

18.9K 1.1K 33
                                    

Uni....

အချုပ်ခန်းထဲ၌ ယောင်ယောင်လည်လည် မျက်စိသူငယ်နားသူငယ်ဖြင့် ဘာလုပ်လို့ လုပ်ရမှန်းမသိ..... ဟိုကြည့်ဒီကြည့်..... သူလို ကောင်လေးတစ်ယောက် အချုပ်ခန်းလို့နေရာ မပြောနဲ့ ကျောင်းအုပ်ရုံးခန်း တောင် မရောက်ဖူးပေ... အခုတော့ အားလုံရဲ့ အထင်သေးအမြင်သေးတဲ့ အကြည့်တွေနဲ့.....

* အမေ....ဟုတ်တယ်.... အမေအဆင်မှ ပြေရဲ့လား.... ဒီမှာ ဘယ်ချိန် နေရအုံးမှာလဲ ကွာ.... *

အရာအာလုံးဟာ သူ့အတွက်အသစ်အဆန်းလိုဘဲ.... ရဲများကို ဦးမဟာမှိုင်းရဲ့ မိတ်ဆွေပါ ပြောသော်လည်း  အထင်သေးတဲ့ မျက်လုံးများဖြင့်သာတွေ့ဆုံရပြန်သည်...။

အမေ့အတွက် ပူပန်ရသည့် သောက ဦးမှိုင်းရဲ့ ရက်စက်စွာ ဥပေက္ခာပြုသည့် ဒဏ်....   Yanဆိုတဲ့ကောင်ငယ်လေး လောကဓံရဲ့ ကစားမှုကို ကောင်းကောင်းကြီးခံနေရရှာသည်။

ဒီလိုနဲ့ဘဲ Yan မျက်ရည်တွေနဲ့ အချုပ်ခန်းထဲ တစ်ည အိပ်လိုက်ရသည်.....

မနက် ရောက်တော့ Yan Bar မှာ အလုပ်လုပ်တုန်းကသိခဲ့တဲ့  အကို တစ်ယောက်ရဲ့ အကူ အညီဖြင့် လွတ်လာခဲ့တယ်..... လွတ် လွတ် ခြင်း ဘာမှ မတွေးဘဲ အမေ့ဆီသာ....

သို့သော် အရာအားလုံး နောက်ဆုတ်လို့မရတော့ချေ။

" Dr ! Dr အမေ အမေရော.... အမေဘယ်မှာလဲ "

ဆေးရုံရောက်ရောက်ခြင်း ရင်ဝကို စောက်ကန် ခံလိုက်ရသလို..... ဆေးရုံ ကုတင် ဖြူဖြူထက်...အဖြူရောင်ပိတ်စလွှမ်းခြုံထားသည့်  အသက်မရှိသော ခန္ဓာကိုယ်....

" ကျွန်တော်အခန်း မှားဝင်လာတာ ထင်တယ် "

မျက်ရည်တွေ ကြားထဲ က အရူးတစ်ယောက်လို ပြုံးပြက အခန်းတံခါးကို ပိတ်ဖို့ အလုပ်....

"  ဒေါ်မေရီ လူနာရှင်ပါနော်.... မနက်၂ နာရီကဘဲညဆုံးသွားပါပြီ  "

Nurse မလေးတစ်ယောက်မှ ဖိုင်တွဲ တစ်ခုကိုင်ကာ... Yan အား စိတ်မကောင်းစွာ ပြောရသည်။

" ဟင့်အင်းး မဟုတ်ဘူး.! ဒါ အမေ မဟုတ်ဘူး !! ဟင့်အင်း မဟုတ်ဘူး..! လိမ်တယ် ခများတို့ လိမ်တယ်.. အမေ့ကို ကောင်းအောင် ကုပေးမယ်ဆိုပြီး လိမ်တယ် !!! "

Mr.Z..../ S1 ( Z &U )CompleteWhere stories live. Discover now