|5|

3.5K 622 6
                                    

[Unicode]

ဝူယွဲ့ကိုပြဿနာရှာနေတဲ့သူကို ယန်ထန်သိပါတယ်။
ဒီပတ်ဝန်းကျင်တစ်ဝိုက်မှာ၊ ယန်ထန်ပြီးရင် လီဝမ်ယုကနာမည်အကြီးဆုံးပဲလေ။
အရပ်ရှည်ရှည်နဲ့ သိမ်မွေ့တဲ့နာမည်ပိုင်ရှင်။

ယန်ထန်မှာက သုန်မှုန်နေတဲ့အကျင့်စရိုက်ရှိပြီး၊ လူတွေနဲ့ထိပ်တိုက်တွေ့ရတာကို သဘောမကျဘူး။
ဒါပေမဲ့ အပြစ်ပေးဖို့နည်းလမ်းတွေကများတယ်လေ။
လီဝမ်ယုကတော့ သူနဲ့လုံးဝဆန့်ကျင်ဘက်ပဲ။
ရှေးရိုးစွဲအကျင့်စရိုက်ကြီးရှိပြီး၊ သစ္စာတရားကိုလည်းအလေးထားတတ်တယ်။
ယန်ထန်ရဲ့လှည့်ကွက်တွေကြောင့် စိတ်အရှုပ်ရဆုံးသူဆို လီဝမ်ယုကိုပဲညွှန်ပြရမယ်။

အလယ်တန်းတက်တုန်းက၊ သူနဲ့ယန်ထန် ငါးကြိမ်လောက်ထိပ်တိုက်တွေ့ဖူးတယ်။
သွေးမထွက်ပေမဲ့ အနိုင်ရတယ်တော့မဟုတ်ခဲ့ဘူး။

ပုံမှန်သာဆို၊ ယန်ထန်ကျောင်းပြောင်းပြီးကတည်းက ပတ်သတ်စရာအကြောင်းမရှိတော့ဘူး။
ယန်ထန်ရဲ့မျက်နှာဖြူသူငယ်ချင်းလေးက လီဝမ်ယုကောင်မလေးကို ဖြတ်ခုတ်သွားလိမ့်မယ်လို့ ဘယ်သူကထင်မိမှာလဲ။
ဒီရန်ညှိုးအသစ်တွေရော အဟောင်းတွေကြောင့်ပါ၊ လီဝမ်ယုမှာ ညဘက်ညဘက်အိပ်မပျော်နိုင်ပေ။
ယန်ထန့်အရိုးတွေကိုသာ ဝါးစားပစ်ချင်နေပြီ။

ဝူယွဲ့မျက်နှာကဖြူဆုတ်နေပြီး ထောင့်နားကပ်ကာ သူ့ကောင်မလေးကိုအကာအကွယ်ပေးနေတယ်။
လီဝမ်ယုက သူတို့ကိုတစ်ချက်လှမ်းကြည့်လာပြီး၊ လက်ထဲကစီးကရက်ကို မီးညှိမ်းလိုက်တယ်။

"ပုန်းနိုင်သေးလား? မင်းရဲ့ထန်ကော ကယ်နိုင်ဦးမလားကြည့်ကျတာပေါ့"

ယန်ထန်က ရောက်လာခဲ့ပြီ။
ကျောင်းသားတွေဟာ အနောက်ဘက်ဂိတ်ကနေဝင်ထွက်နေကျတယ်၊ သူတို့က ယန်ထန်ကိုသိပ်မသိကျဘူး။
ဒါပေမဲ့ ဒီကျောင်းရဲ့လီဝမ်ယုသတင်းကတော့ အတော်လေးကြီးတယ်လေ။

ယန်ထန်က ချက်ချင်းကြီးရန်မဖြစ်ပါဘူး။
ဆိုင်ထဲကိုဝင်လာပြီး လီဝမ်ယုဘေးဝင်ထိုင်လိုက်တယ်။
အသားကင်တစ်ချောင်းကိုကောက်ယူလိုက်ပြီး စတင်စားတယ်။
စားလို့ပြီးနောက်မှာ ဝူယွဲ့ဘက်လှမ်းကြည့်ကာ စကားစလာတယ်
"သူ့ကိုလွှတ်ပေးဖို့စိတ်ကူးမရှိဘူးလား?"

Hedgehog And Tiger [Myanmar Translation]Where stories live. Discover now