part(37)

10.2K 906 68
                                    

Unicode

တဂွီဂွီ

"မောင်....ညနေစာတူတူစားမယ်ဆိုပြီး....လာလဲ မစားဘူး"

"မောင်... မစားတော့တာပါ....ငယ်ထွေးက မောင်ပြောသမျှ မှတ်ထားနေတော့တာလား"

"မှတ်ထားတာပေါ့လို့....မောင် ညစာ မစားရသေးဘူးပေါ့လေ"

"ခုပဲ စားလိုက်တယ်လေ....မောင့်ရဲ့ ငယ်ထွေးလေးကို မောင် ကိုက်စားလိုက်ပြီလေ"

"အွန့်....အတည်ပြောနေတဲ့ဟာကို....ငယ်လဲ မစားထားဘူး"

"ဟာ....ငယ်ထွေး ဗိုက်ဆာနေမှာပေါ့"

မောင့်လက်တွေက...ငယ့် ဗိုက်ပေါ်ရောက်လာပြီး ပွတ်ကြည့်သည်။

ဂွီ....

"ကြားလား...မောင်"

"မကြားဘူး"

မကြားဘူးဆိုပြီး...ငယ့်ဗိုက်ပေါ်ရောက်လာတဲ့ မောင့်ခေါင်း...
ခေါင်းလေးကိုစောင်းပြီး နားရွက်လေးနဲ့ကပ်ပြီးနားထောင်နေတယ်။

ဂွီ.....

မောင့်ခေါင်းကို လက်တွေနဲ့ ပွတ်သပ်ရင်း.....

"ဟော....ကြားရပြီလား"

"ကြားရတယ်....မောင့်ကို စားချင်သေးတယ်တဲ့"

"အားးးးး တကယ်ကိုက်စားမှာနော်"

"ဘယ်နေရာက စ စားချင်တာလဲ"

မေးပုံကိုကြည့်ကြ....
ရှက်သွားပြီ...ငယ်ထွေးလေး...

"မ သိ ဘူး....မောင်က တကယ်လည်တာပါဆို"

"ငယ်ထွေး....ဗိုက်ဆာနေတော့မှာပဲ....မောင့်မှာ စားစရာမရှိဘူးကွာ...ဒီလိုမှန်းသိရင် မောင် တစ်ခုခုဝယ်ထားပေးပါတယ်"

"ငယ်....ယူ...လာ..တယ်"

"ဘယ်မှာလဲ"

"ကားထဲမှာလေ.....နောက်ဖုံးထဲမှာ"

"ဟုတ်လား....မောင့်ငယ်လေးအတွက် မောင်သွားယူပေးမယ်...နော်....ခဏစောင့်"

ကားသော့ကိုယူရင်း မောင် ထသွားသည်။

"မောင်....အထုတ်တွေအကုန် ယူခဲ့နော်"

"ဟုတ်.......ကဲ့"

မောင်ကပစ္စည်းတွေယူပြီး ပြန်တက်လာတာကို ပြုံးကြည့်နေတဲ့ လင်းသန့်ကြည်......
မောင်လဲ ပြုံးစိစိနဲ့...

မိုးကောင်းကင်နှင့်ကမ္ဘာမြေ....ချစ်ခြင်းသက်သေWhere stories live. Discover now