5

18K 2.7K 60
                                    

Unicode

“ခင်ဗျားက ကျွန်တော်ပြောတာကို မယုံတာလား..?”

သူက ‘ဖြတ်သွားဖြတ်လာ’လို့ ပြန်ဖြေလိုက်တာနဲ့ ပိုမိုအေးစက်လာခဲ့တဲ့ ရင်းဆုယဲ့ရဲ့ အမူအရာကိုကြည့်ပြီး ဒီလူက သူ့ရဲ့စကားကို မယုံကြည်မှန်း ရွှယ်ယို့ရှန်း ချက်ချင်း သဘောပေါက်သွားခဲ့တယ်။

“မယုံဘူး..”

“…………”

ခင်ဗျား အဲ့လိုမျိုး ရက်ရက်စက်စက် မပြောလို့မရဘူးလားဟင်..?

ရင်းဆုယဲ့မှာ သစ္စာဖောက်ခံခဲ့ရတာကြောင့် နာကျည်းချက်တွေရှိနေပြီး သူစိမ်းတွေကို လွယ်လွယ်ကူကူ မယုံကြည်တတ်မှန်း သိထားပေမယ့်လည်း သူက တကယ့်ကို ရိုးရိုးသားသားလေးပါနော်။ စာရေးဆရာဖြစ်နေတာတောင် အခုထိ ဘယ်သူ့ခန္ဓာကိုယ်ထဲ ကူးပြောင်းလာမိမှန်း သူ မသိသေးဘူး။ ကြည့်ရတာ ဒီဇာတ်ကောင်က ‘ရာဇဝင်ထဲက အင်အားအကြီးဆုံးအရှင်သခင်’ ဝတ္ထုထဲမှာ တစ်ခန်းမှမပါဝင်လိုက်ရတဲ့ မထင်မရှားဇာတ်ကောင်အဖွဲ့ဝင်တစ်ယောက် ဖြစ်နိုင်တယ်..!

ဒီလိုမျိုး နာမည်တောင်မရှိတဲ့ မထင်မရှားဇာတ်ကောင်လေးက ရွှယ်ယို့ရှန်းရဲ့ မျက်လုံးထဲမှာတော့ ‘ဖြတ်သွားဖြတ်လာ A’, ‘ဖြတ်သွားဖြတ်လာ B’ ဒါမှမဟုတ် ABC တစ်ခုခုပဲ။ အဲ့တာကြောင့် ‘ဖြတ်သွားဖြတ်လာ’လို့ ဖြေလိုက်မိတဲ့အပေါ် ယုံကြည်ချက်ရှိသင့်ပေမယ့် ဘာကြောင့်ရယ်မသိ ရင်းဆုယဲ့ရဲ့ မှိုင်းပျပျမျက်ဝန်းတွေနဲ့ ရင်ဆိုင်တွေ့လိုက်တဲ့အခါ ကိုယ့်ကိုယ်ကို လိပ်ပြာမလုံသလိုမျိုး အကြည့်လွှဲချင်လာခဲ့တယ်။

“ခင်ဗျား ယုံချင်ယုံ မယုံချင်နေ… ကျွန်တော် ခင်ဗျားအပေါ် မကောင်းတဲ့ရည်ရွယ်ချက် တကယ်ကို မရှိဘူး… ခင်ဗျားလည်း ကျွန်တော့ကို အချိန်တိုင်း ရန်လိုနေစရာမလိုဘူး…”

ရွှယ်ယို့ရှန်းက မျက်လုံးပြူးလိုက်ပြီး ရင်းဆုယဲ့ရဲ့ မျက်ဝန်းတွေထဲ သေသေချာချာ စိုက်ကြည့်ကာ သူ့ရဲ့စိတ်ရင်းအမှန်ကို ဖော်ပြဖို့ ကြိုးစားလိုက်တယ်။

“စာချုပ်ချုပ်မယ်..”

အဆုံးသတ်ထိတိုင် သူလိုချင်တဲ့အချက်ကို လေသံခပ်အေးအေးနဲ့ ပြောလာတဲ့ ရင်းဆုယဲ့ရဲ့ သွေးအေးရက်စက်တဲ့ အမူအရာက လုံးဝပြောင်းလဲမှုမရှိခဲ့ပေ။

ဝိဉာဉ်ကူးပြောင်းခဲ့ပြီးနောက် သောက်တလွဲတွေဖြစ်ကုန်ပြီ!Where stories live. Discover now