#Unicode
ဒီနေ့ လူကြီးနှင့် တွေ့ခဲ့လျှင်တော့ ပြတ်ပြတ်သားသား မေးကြည့်ဖို့ လင်းရာ ဆုံးဖြတ်ထားခဲ့သည်။
မနက်အတန်းတက်ခါနီး ငါးမိနစ်ပဲ လိုတော့တာကြောင့် ကန်တင်းကထွက်လာတော့ လူကြီးနှင့် မမမေချယ်ကို ကျောင်းလှေကားထစ်မှာ တွေ့လိုက်သည်မို့ နောက်ကနေ လင်းရာ အပြေးလိုက်သွားမိသည်။ အနားရောက်တဲ့အချိန် လူကြီးလက်တစ်ဖက်ကို လှမ်းဆွဲလိုက်တော့ လူကြီးက လှည့်ကြည့်လာသည်။
"လူကြီး"
"ဘေဘီ"
"ကျွန်တော် လူကြီးကို ဖုန်းဆက်လိုက်တိုင်း စက်ပိတ်ထားတယ်ပဲပြောတယ်။ ကျွန်တော့်ကိုလည်း လူကြီးက တစ်ခါလေးတောင် ဆက်သွယ်မလာဘူး။ ကျောင်းတက်တာလည်း ကြာနေပြီ။ လူကြီးကျွန်တော့်ကို လာလည်းမရှာသလို လမ်းမှာတွေ့ရင်လည်း မခေါ်ဘူး။ မမမေချယ်နဲ့ ပြန်တွဲနေတယ်ဆိုတဲ့ သတင်းတွေလည်း ကြားနေရတယ်။ လူကြီးတို့ တကယ်ပဲ ပြန်တွဲနေကြတာလား။ ဒါဆို ကျွန်တော့်ကိုရော လူကြီး ဘယ်လို သတ်မှတ်ထားလဲ။ ခု ကျွန်တော်တို့ အခြေအနေက ဘယ်လို အခြေအနေလဲ။ တိကျသေချာတဲ့ အဖြေကို ပြတ်ပြတ်သားသားတော့ ပြောခဲ့ပေး"
"ကိုယ် . . . "
မလှမ်းမကမ်းမှာ တီချယ်တွေကို လှမ်းမြင်လိုက်ရသည်မို့ ဘေဘီ့လက်ကိုသာ ဖြုတ်ချလိုက်ရသည်။
"ကိုယ် အတန်းတက်ရဦးမယ် ဘေဘီ။ ကိုယ်သွားတော့မယ်နော်"
လင်းရာလက်ကို ဖြုတ်ချပြီး မမမေချယ်နဲ့ အတူတူ ထွက်သွားတဲ့ လူကြီးကို ဘာတစ်ခွန်းမှ ပြန်မပြောနိုင်ဘဲ ကြောင်အစွာ ရပ်ပြီး ငေးကြည့်နေခဲ့မိသည်။ လူကြီး ကျွန်တော့်ကို ဘယ်လိုဆက်ဆံလိုက်တာလဲဟင်။ ရင်ဘတ်ကြီးတစ်ခုလုံး ပေါက်ကွဲ မတတ်နာကျင်ရသည်။
အနည်းဆုံးတော့ လင်းရာမေးသမျှကို ပြန်ဖြေရှင်းရမည် မဟုတ်လား။ ဖြေရှင်းချက်တစ်ခု မဆိုသလို ဘာစကားမှ မပြောဘဲ ဒီတိုင်းကြီး ထားခဲ့ရက်တာမို့ နာကျင်မှုက ပြောမပြတတ်။
ဒီတစ်ခါတော့ ကျဆင်းလာတဲ့ မျက်ရည်တွေကို မသုတ်ဖြစ်တော့။ အသဲကွဲတယ်ဆိုတဲ့ ခံစားချက်ကို ခံစားလိုက်ရသည်မို့ ပြိုလဲကျမတတ်ပင်။
YOU ARE READING
မြတ်နိုးစွာ နှောင်ဖွဲ့မိသော
Romanceတကယ်ပါ ခြေတစ်လှမ်း လှမ်းတိုင်း လူကြီးကို တစ်ခါလွမ်းခဲ့တာ။ ခင်ဗျားပေးခဲ့တဲ့ Foot Chainလေးက ခြေလှမ်းလိုက်တိုင်း ခင်ဗျားကိုလွမ်းဖို့ သတိပေးနေသလိုပဲ။ ကျွန်တော် ခြေတစ်လှမ်း လှမ်းရမှာတောင် ကြောက်နေခဲ့မိတာ။