|6|

3.3K 605 2
                                    

[Unicode]

ဒီရန်ပွဲကြောင့် ထန်ကောရဲ့သတင်းကတော်တော်ကြီးသွားပြီ။

လီဝမ်ယုနဲ့ ပွဲကြီးပွဲကောင်းဖြစ်ခဲ့တယ်ဆိုတာမျိုး။
လူအများကြီးက သူ့ထက်ပိုပြီးဒဏ်ရာရသွားခဲ့တယ်ဆိုတာမျိုး ဒါမျိုးသတင်းတွေပေါ့။

ယန်ထန်ကကျောင်းမှာ ဖက်တီးနဲ့ဟယ်ရှင်းချွမ်ကလွဲရင်၊ ကျန်ကျောင်းသားတွေနဲ့ အဆက်အဆံလုပ်လေ့မရှိဘူး။
လိမ္မာတဲ့ကျောင်းသားလေးတွေဆို ယန်ထန်ကိုကြောက်တောင်ကြောက်ကျသေး၊ အဲ့တော့ ယန်ထန်ကလည်းစကားပြောရှားလှတယ်။

"အမ်...အတန်းဖော်..."

အနှိုးခံလိုက်ရတဲ့ယန်ထန်ဟာ သူမကိုမျက်မှောင်ကြုတ်လျက်စိုက်ကြည့်လာတယ်။
သူမကတော့ ဆံပင်အမြင့်လေးစီးထားတဲ့ ကျောင်းသူလေးပါ၊ သူမမျက်နှာက ဖြူဖျော့ဖျော့ဖြစ်နေကာ စာအုပ်တွေကိုစိတ်လှုပ်ရှားစွာပိုက်လိုက်ရင်း
"ရူပဗေဒအိမ်စာ..."

ယန်ထန်ကတော့ သူမကိုစိုက်ကြည့်နေမြဲပင်၊ ဘယ်သူကများ သူ့ဆီကအိမ်စာကိုလာတောင်းခိုင်းပါလိမ့်လို့ တွေးနေမိတယ်။

"သူ မရေးရသေးဘူး"
ဟယ်ရှင်းချွမ်က ယန်ထန်အစားအဖြေပေးလိုက်ပြီး၊ သူ့ကိုယ်ပိုင်စာအုပ်ကိုကမ်းပေးလိုက်တယ်။

ကောင်မလေးက စာအုပ်ကိုလက်ခံပြီး၊ သူမခုံဆီအမြန်ပြန်ပြေးသွားလေရဲ့။

ယန်ထန်က ပြန်အိပ်မပျော်နိုင်တော့ဘူး။
ကျောင်းလွယ်အိတ်ကိုမွှေနှောက်လိုက်တော့ အမဲသားမုန့်နှစ်ခုထွက်လာတယ်။
ဟယ်ရှင်းချွမ်စားပွဲပေါ်တင်ပေးလိုက်ပြီးနောက်၊ ခေါင်းငုံ့ကာ ဂိမ်းဆော့နေလိုက်တယ်။

အင်္ဂလိပ်ဆရာနဲ့ယန်ထန်က အမြဲပြဿနာတက်နေရတာ။
ဂိမ်းကစားနေတာကိုမြင်တဲ့အခါမှာ၊ နာမည်အော်ခေါ်ပြီး အပြင်မှာမတ်တပ်ရပ်စေတယ်။

စကားသံကိုကြားချိန်မှာ၊ ယန်ထန်ကခေါင်းတောင်မော့မလာဘူး။
ဖုန်းကိုင်လျက်ပဲ အနောက်ပေါက်ကနေထွက်သွားတယ်။
နှုတ်ခမ်းထောင့်ရှိဒဏ်ရာက တဆတ်ဆတ်ဖြစ်နေတယ်၊ ဟယ်ရှင်းချွမ်က ပလာစတာကပ်ထားပေးပေမဲ့ နာတာကတော့မပျောက်သေးဘူး။

Hedgehog And Tiger [Myanmar Translation]Where stories live. Discover now