Part(21)

3.4K 100 0
                                    

Unicode -Zawgyi

❣️ဦး ဖန် တီး သော အ ချစ် သ င်္ကေ တ❣️

                💫Season 2💫

                  💫Part (21)💫

~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~

မနက်ပိုင်း ရာရာနိုးလာတော့ ဦးသူ့က အလုပ်လုပ်နေသည်။ နာရီကိုကြည့်လိုက်တော့ (၇)နာရီ။ ရာရာ အိပ်ချင်မူးတူးနဲ့ မျက်လုံးကိုပွတ်ကာ ဦးသူ့ကို နောက်ကနေ လည်ပင်းကို သိုင်းဖက်လိုက်သည်။

"Morningဦးသူ့..."

"Morningဘေဘီ..."

"ဘယ်နှနာရီထဲကထတာလဲ အစောကြီးရှိသေးတယ် "

"(၅)နာရီ ကိုယ်အလုပ်ရှုပ်နေလို့ အခုထိ စာရင်းစစ်နေတာမပြီးသေးဘူး "

"ရာရာ ကူလုပ်ပေးရမလားဟင် "

"ပြီးခါးနီးနေပြီ ဘေဘီရဲ့ ဘေဘီကိုယ့်ကြောင့်နိုးသွားတာလား "

"ဟင့်အင်း "

ရာရာခေါင်းခါငြင်းသည်။

ခေါင်းလေးစောင်းပြီး ရာရာ့ဆံပင်ကို ဖွဖွလေးပွတ်သပ်ပေးသည်။ ရာရာ သိုင်းဖက်ထားသည့်လက်ကိုဖြုတ်ပြီး ဦးသူ့ဘေးဝင်ထိုင်လိုက်ကာ ပေါင်ပေါ်လှဲအိပ်လိုက်သည်။

"ကိုယ်ချော့သိပ်ရမှာလား"

"ဟင့်အင်း ဦးသူ့အလုပ်လုပ်တာ ကူစောင့်ပေးမလို့ "

"အဟွန်း "

ကူလုပ်ပေးမယ်ဆိုတာ အိပ်ပြီးစောင့်နေမယ်လို့ဆိုလိုမှန်း အခုမှရိပ်မိသည်။ သူ့ ရာရာ့နဖူးလေးကို အနမ်းပေးလိုက်ရင်း စာရင်းတွေဆက်ကြည့်နေလိုက်သည်။ ပုံမှန်ဆို ဒါက ခြင်းစစ်နေကျ။ ခြင်းကိုခွင့်ပေးထားတာကြောင့် သူ့ကိုယ်တိုင်လုပ်‌ရသည်။

သူက ဥက္ကဌဆိုပေမဲ့ စီမံခန့်ခွဲရုံသာ ခြင်းက အကုန်လုံးစီစစ်ရသူဖြစ်သည်။

"ဦးသူ့ မှိုင်းနဲ့နေ့ကိုသွားကြည့်လိုက်ဦးမယ်"

"ကိုယ်ကြည့်ခဲ့ပြီးပြီ အဖျားကျသွားပြီ"

ရာရာ့လက်ကို ဆုပ်ကိုင်လိုက်ရင်းပြောလိုက်တာဖြစ်သည်။ ရာရာကလည်း သူ့လက်ကို ဆုပ်ကိုင်ထားကာ မလွှတ်ပေးတော့။ သူ့လက်နဲ့ ရာရာလက်ကို ယှဉ်ထပ်လိုက်၊ဆုပ်ကိုင်လိုက်နဲ့‌ဆော့နေသည်။

ဦးဖန်တီးသောအချစ်သင်္ကေတ/ဦးဖန်တီးသောအချစ်သ‌င်္ကေတ (Season 2)[Completed]Where stories live. Discover now