ယုယ ကြင်နာ.....
ဘဂျမ်းပြန်ရောက်လာသည့်တိုင်...အိပ်ကောင်းဆဲ အိပ်ပုတ်လေး။
ငယ့်အနား ထိုင်စောင့်နေမိတယ်။
ငယ်ထွေးလေး အိပ်ယာနိုးတာ ဘယ်လိုပုံလေးပါလိမ့်။မကြာဘူး......လူးလွန့်လာတဲ့ ကိုယ်သေးသေးလေး...
"အင်း....ဟင်း.....မောင်....မောင်ရေ"
နိုးတာနဲ့ ခေါ်တော့တာပဲ။
ဘဂျမ်း မထူးဘူး....ငြိမ်နေတယ်။"မောင်....အင်း..မောင်ရေ...ငယ့်ကို ထားခဲ့ပြန်ပြီလား"
အို....သနားစရာလေး...
"မောင် ရှိတယ် ငယ်ထွေးလေး"
"ချီပါ...ချီပါ....မောင် ချီခေါ်ပါ"
မျက်လုံး မဖွင့်ဘူး....လက်နှစ်ဖက်ကိုလေထဲမှာ ရမ်းပြီးအချွဲပိုတယ်။
စောင်လေးကိုဖယ်ပြီး ပွေ့ခေါ်ရတယ်။ ရင်ခွင်ထဲပါလာတဲ့ ငယ်ထွေးကို ဖက်ထားမိတယ်။ လုံးဝမျက်လုံးမဖွင့်နိုင်ဘူး....မျက်ခွံလေးတွေများဖောင်းအစ်နေတော့တာ။
မျက်ခွံလေးကိုဖိကပ်နမ်းတော့ ငြိမ်နေတယ်....ပါးအိအိလေးကို နမ်းတော့....ကြိုးစားဖွင့်လာရတဲ့ မျက်လုံးလေးက မပွင့်တပွင့်....ပြီးတော့ သူ့နှုတ်ခမ်းတွေ သူလက်နဲ့အုပ်ပြီးကွယ်ထားတော့တယ်။"ဘာဖြစ်လို့လဲ ငယ်ထွေးရဲ့"
"နမ်း....နဲ့"
"မရဘူးကွာ....နမ်းမှာပဲ"
"အင့် နမ်းနဲ့ပါဆို"
"ငယ်ထွေးလေး....ကြည့်ပါအုံး...ဆံပင်တွေလဲ လန်ပျံလို့...မျက်လုံးတွေများ...ဖွင့်ကြည့်တော့မြင်ရလား...သေးသေးလေးပဲ ပွင့်တယ်....ဟင်....အဲ့လိုပဲလား....အိပ်ပုတ်အိပ်ယာနိုးတာ....ဒီလိုပဲလား....အကြင်နာတွေတိုးပြန်ပါပြီကွာ"
"ဖက်ထားပေးအုံးနော်.....အိပ်ယာနိုးရင် ချက်ချင်းမထနိုင်ဘူး...ခေါင်းမူးလို့"
"အော်....ငယ်ထွေးက နှပ်ရသေးတာလား"
"အင်း...နှပ်ရသေးတယ်"
နှပ်နေတဲ့ အိပ်ပုတ်လေးကို ဖက်ထားရင်း ကျောလေးပွတ်ပေးနေတော့...တအင့်အင့်နဲ့ ဇိမ်ကောင်းနေတာ...
ဘဂျမ်း ရင်ဘတ်တွေကိုလဲ နမ်းနေသေးတာ။
YOU ARE READING
မိုးကောင်းကင်နှင့်ကမ္ဘာမြေ....ချစ်ခြင်းသက်သေ
Romanceမိုးကုပ်စက်ဝိုင်းနဲ့ ကမ္ဘာမြေကြီး ထိစပ်သွားသလိုထင်ခဲ့မိတဲ့ အချိန် ကလေးတိုင်းမှာရှိခဲ့ဖူးပါတယ်။ ဘယ်တော့မှ မထိစပ် မဆုံတွေ့ဘူးဆိုတာ သိနေတဲ့အရွယ်ရောက်သည့်တိုင်အောင် ကျွန်တော် မိုးကုပ်စက်ဝိုင်းနဲ့ကမ္ဘာမြေကြီး ဆုံတွေ့ပါစေလို့ ဆုတောင်းမိဆဲ....