Arc.2.8
6.2K 902 53
လုဖုန်းက ခြံဝင်းထဲတွင် မျက်လုံးအသာမှိတ်ကာ ထိုင်နေလိုက်သည် ။ ကျိုးယဲ့ဟန် က ရောက်လာပြီဖြစ်သဖြင့် ချင်ယွင်ချီ က အလုပ်ကိစ္စ ဆွေးနွေးဖို့ လက်ခံလိုက်ရသည် ။
" လုဖုန်း!! ကျွန်တော်နဲ့ အပေးအယူ လုပ်ရအောင် "
နားထဲသို့ ဝင်လာသည့် အသံကြောင့် လုဖုန်းက တစ်ချက်ပြုံးလိုက်သော်လည်း မျက်လုံးမဖွင့်ခဲ့ဘဲ အနားယူနေဆဲပင်။    "ဟန်ယူ" ဒီကောင်လေးသည် ဇာတ်လမ်းတွင် လုဖုန်းထက်ပင် ပိုမြင့်နေရာကို ပိုင်ဆိုင်ထားသည် ။
ဟန်ယူသည် ဟန်မိသားစု နဲ့ ချင်မိသားစု ၏ ကောင်းမွန်စွာ ပျိုးထောင်ထားခြင်း ခံရသည့် ကောင်လေးဖြစ်သည် ။ သူ အရွယ်ရောက်သည်နှင့် ချင်ယွင်ချီ နဲ့ လက်ထပ်ဖို့ရန် စီစဉ်ထားခဲ့ကြသည် ။
သို့သော် မထင်မှတ်ထားစွာ ကွေ့လန်အာ ပေါ်လာခဲ့သဖြင့် အစီအစဉ်သည် ပျက်သွားခဲ့ပြီး ဟန်ယူ သည် အရံဗီလိန် ဇာတ်ကောင်နေရာကို အောင်မြင်စွာ ရရှိသွားလေသည်။ သူက ကွေ့လန်အာ ကို အနှောက်အယှက်ပေးသော်လည်း ကျိုးယဲ့ဟန် နဲ့ ချင်ယွင်ချီ ၏ ကာကွယ်စောင့်ရှောက်မှုအောက်တွင် ရှိနေသည့် သူမအား လက်ဖျားနဲ့ပင် မထိနိုင်ခဲ့ပေ ။
အဆုံးသတ်တွင်တော့ ကွေ့လန်အာ ကို မုဒိန်းကျင့်ခိုင်းရန် အစီအစဉ်အတွင်း ကိုယ့်ထောက်ချောက်ကိုယ် ပြန်မိသွားကာ အရှက်တကွဲ သေသွားခဲ့လေသည် ။
ထိုအဖြစ်အပျက်များသည် ချောင်လုဖုန်း ထောင်ကျနေစဉ် ဖြစ်ပျက်သွားခြင်းပင် ။
" ငါနဲ့ ပူးပေါင်းရင်..မင်း ကွေ့လန်အာကို ပိုင်ဆိုင်စေရမယ် " ခိုင်မာသည့် အသံကြောင့် ဟန်ယူသည် သူလက်ခံမည်ဟု ယုံကြည်ချက် အပြည့်ရှိပုံပင် ။
လုဖုန်း "..."
သူ ဒီရောက်ကတည်း ကွေ့လန်အာနဲ့ တွေ့တိုင်း ရန်ဖြစ်နေရသည်ဟုပင် ဆိုနိုင်လေသည် ။ မုဒိန်းမှုသည်လည်း မဖြစ်ခဲ့သဖြင့် ဒီကိုယ် လုပ်ခဲ့သည်က ရည်းစားဟောင်းကို ပြန်တွဲဖို့ ပြောခဲ့တာလေးပင် ။ ဒါက ပုံမှန် အချစ်ဇာတ်လမ်းအချို့မှာ ဖြစ်နေကြ ပုံစံလေးပါဘဲ ။ ဒါ့အပြင် ကွေ့လန်အာ ကလဲ ငြင်းဆန်ခဲ့ပြီးပြီပင် ။