Chapter - 41

7.4K 1.7K 85
                                    

ရင်းချဲယ်မှာတော့ နွားနို့ခွက်ကြီးကို လက်ထဲမှာကိုင်ထားရင်း သောက်ဖို့တောင် မေ့နေမိသည်။

ထိုစကားတွေအပေါ် အတန်ကြာတွေးကြည့်နေပြီးနောက် သူပြောလိုက်သည်။

"မင်းဒယ်ဒီက စကားပြောတော်လိုက်တာနော်"

"အွန်း ငါလည်းအဲ့လိုပဲထင်တယ်"

ကျန့်ယောင်က သူ့လက်ထဲကခွက်ကို ထိုးပြကာ

"သောက် အေးတော့မယ်"

အကုန်လုံး ဖုန်းထဲက ကြည့်မှာပြီးနောက်တော့ လူအယောက်နှစ်ဆယ်ကျော်မှာ ယွမ်၇၈၀ဖိုးလောက်ကျတယ်၊ ဒါ အတော်ကုန်ကျသက်သာတယ်ဆိုရမယ်။

"ငါ့အကောင့်ကို ချွေတာမနေနဲ့နော်"

ကျန့်ယောင်က ယွမ် ၁၀၀၀ဖိုးကျော်သည်အထိ စားစရာသောက်စရာတွေထပ်ထည့်လိုက်ပြီး အော်ဒါသွားတင်တော့သည်။

နာရီဝက်ခန့်ကြာပြီးနောက် မှာထားတဲ့စားစရာတွေတစ်ခုပြီးတစ်ခု ရောက်လာသည်။ ဧည့်ခန်း၊ ထမင်းစားခန်းတင်မက ဘားကောင်တာမှာပါ စားစရာတွေနဲ့ပြည့်သွားသည်။ သူတို့အုပ်စုက စုစုရုံးရုံးနှင့် စားလိုက်စကားပြောလိုက်နှင့်၊ ပြောစရာအကြောင်းတွေကတော့ ဘာရယ်မဟုတ် ကျောင်းသတင်းတွေသာ၊ တခါတခါ တခြားကျောင်းက သတင်းတချို့လည်း ပါလာတတ်သေးသည်။

တခြားကျောင်းဆိုသည်မှာတော့ များသောအားဖြင့် First Highကိုရည်ညွှန်းခြင်းသာဖြစ်သည်။

သူတို့တွေဟာ First Highရဲ့ ကျောင်းနတ်ဘုရားအကြောင်းပြောနေတာမို့ နားထောင်ရင်းနဲ့ ရင်းချဲယ်မှာ ဂုဏ်ယူမဆုံး၊ ကျန့်ယောင် ဝင်မနှောင့်ခင်အထိပေါ့။

"လာပြန်ပြီ မင်းရဲ့အပေါက်ဆိုးတိတိ...."

ကျန့်ယောင်တစ်ယောက် စားပွဲအောက်ကနေ အကန်ခံလိုက်ရသည်။

ချက်ချင်းပဲ ပါးစပ်ပိတ်သွားသည်။

စားနေရင်းတန်းလန်းမှာတင် တစ်စုံတစ်ယောက်က ထအော်သည်။

''ကယ်ကြပါဦး!"

အားလုံးကလည်း ဘာများဖြစ်တာလဲဆိုပြီး စိုးရိမ်တကြီးဝိုင်းမေးကြသည်။

Pay Attention To Me [Myanmar Translation]Where stories live. Discover now