အပိုင်း (၇)

30.7K 307 7
                                    



Princess of Dark God
အပိုင်း (၇)

"..."
Bell သံ ကြား၍ လူမော်အောင် တစ်ယောက် တံခါးဖွင့်လိုက်တော့ delivery သမား။

"အကို့အတွက် ပါဆယ် ပါလို့ပါ"

"ဟုတ်ကဲ့"
ပါဆယ်ယူ၍ တိုက်ခန်းတံခါးကို ပြန်ပိတ်လိုက်သည်။ ထို့နောက် သူစဉ်းစားမိသည်က သူ ဘာမှ မမှာထားပါ​။

"ဟင်.."
ပါဆယ်ကို ဖွင့်လိုက်တော့ သူ အံ့ဩသွားသည်။
Iron man အရုပ်လေးနှင့် စာအုပ်တစ်အုပ်။
postcard လေးပေါ်မှာ ရေးထားသည်က
"အစ်ကို့ အကြိုက်လေးမလို့ မငြင်းပါနဲ့နော်" တဲ့။

သူ Iron-man ကြိုက်တာကို သူငယ်ချင်းတစ်ချို့ပဲ သိထားခြင်း ဖြစ်သည်။
စာအုပ်ကို ဖွင့်ကြည့်လိုက်တော့ Diary စာအုပ်။

"
အကိုနဲ့ စကားပြောရရင် ပျော်မြူးနေတဲ့
ညီမ ရဲ့ အပြုအမူတွေက ပြောပြနေတယ်မလား
အကို့ကို ဘယ်လောက်ချစ်လဲ ဆိုတာ...

အဆုံးမရှိတဲ့ စောင့်ဆိုင်းခြင်း ဆိုရင်တောင်
ညီမ အဆင်ပြေတာမို့လို့ ဘယ်အချိန်ပဲ ဖြစ်ဖြစ်
အကို ညီမဆီ လှမ်းလာလို့ ရပါတယ်...

တကယ်လို့များ...
တစ်စုံတစ်ခုကို မျော်လင့်ခွင့် ရှိမယ်ဆိုရင်
အကို့ ဆီက နွေးထွေးမှုကိုသာ
မက်မက်မောမော လိုချင်မိတယ်

အကို့ကို အရမ်းချစ်တာ မို့လို့
ဘယ်တော့မှ... အင်း ဟုတ်တယ်
ဘယ်တော့မှ လက်လျော့မှာ မဟုတ်ဘူး.."

စာအုပ်တစ်အုပ်လုံး သူ့ကိုချစ်တဲ့အကြောင်း,
ရအောင်ယူမယ့်အကြောင်းတွေနဲ့ ပြည့်နှက်နေတယ်။ သူ ရင်မောသွားပြီး ရေရွတ်လိုက်တယ်....
" မင်း ဘယ်သူလဲ "
................................................................

"အယွန်း..."

"ရှင် Daddy"
ရင်ခွင်ထဲ မှိန်းနေရာမှ အယွန်းထူးလိုက်သည်။

ဒီနေ့ အယွန်းပျော်နေသည်။ သူမ မွေးနေ့မလို့
ဒီနေ့ တစ်နေ့လုံး လူမော်အောင့်ကို မွေးနေ့လက်ဆောင်အဖြစ် ရ ထားခြင်းဖြစ်သည်။

" ကိုယ်နဲ့ အတူရှိရတာ ပျော်လား"

"ဟုတ် အရမ်းပျော်တာ ရွှတ်"
ပြောပြောဆိုဆိုနှင့် သူ့ပါးလေးကို အယွန်း ခေါင်းမော့၍ နမ်းလိုက်သည်။

Princess of Dark God 🔞Where stories live. Discover now