ပြသနာ....
တကယ်ပဲ ဒေါက်တာလင်းသန့်ကြည် နောက်တစ်နေ့ထိ စိတ်မကြည်ပါ။ ဝတ်ရည်က အခြေအနေကိုကြည့်ပြီး စကားပြောဖို့ပါပဲ။ ဒါပေမဲ့ မိုးလေဝသအခြေအနေက မကောင်းဘူး.... ရွာရန်ရာနှုန်း ၂၀၀ လောက်ရှိတယ်။ဒါကြောင့် မပြောရသေးဘူး။
သူ့အရိပ်အခြေကြည့်ရင်း.... ဘဂျမ်းနဲ့ပဲ ဟိုပြော ဒီပြောလုပ်ပြီး ဆေးရုံထိရောက်လာတယ်။ဆေးရုံရောက်တော့....ကိုငြိမ်းမိုးကားကိုတွေ့ရပြီ။
လင်းသန့်ကြည်ကို လှည့်ကြည့်တော့ ဘာမှမဖြစ်သလိုပုံနဲ့ပဲ....အေးအေးဆေးဆေး စကားပြန်ပြောတယ်။
ဝတ်ရည် အူကြောင်ကြောင်တော့ဖြစ်သွားသား။"ဝတ်ရည်....ကိုလင်းသန့်...မနက်စာ စားပြီးပြီလားဗျ....ကျွန်တော်မနက်စာထွက်စားဖို့လာရင်း သတိရတာနဲ့ ဝင်လာတာပါ"
ပြောပြီးရှက်နေတယ်...ကိုငြိမ်းမိုးက...
"အတော်ပဲ....ဝတ်ရည်တို့ဘာမှ စားမလာရသေးဘူး"
"ဟုတ်လား...ကျွန်တော်ကျွေးပါရစေ"
လင်းသန့်ကြည်လက်ကနာရီကိုကြည့်ပြီး အသာအယာပဲခေါင်းညိမ့်သည်။
"သွားမယ်လေ"
"ဘဂျမ်းရော...ဘဂျမ်းလဲ လာလေ"
ဝတ်ရည်က ဘဂျမ်းကိုလှမ်းခေါ်သည်။
ကားနားမှာရပ်နေဆဲ ဘဂျမ်းက ခေါင်းခါသည်။"ကျွန်တော်က စားပြီးခဲ့ပါပြီ မဝတ်ရည်"
"လာပါ...ကိုဘဂျမ်း...ကော်ဖီ...လက်ဖက်ရည်တော့သောက်လို့ရပါတယ်...စားပြီးလဲ လိုက်ခဲ့ပါဗျာ"
ကိုငြိမ်းမိုးကလဲ ခေါ်သည်။
"ရတယ်....ရပါတယ်...အကို...ကျွန်တော်မလိုက်တော့ပါဘူး"
"ဟဲ့...လင်းသန့်..ခေါ်လိုက်ပါအုံးဟ...နင်မခေါ်သေးလို့ ဘဂျမ်းမလိုက်ရဲဘူး"
တစ်ချက်ပဲ ဘဂျမ်းကို မျက်လုံးဝင့်ကြည့်သည်။
ထိုအကြည့်သည်.....စကားလုံးပေါင်းများစွာပြောသည်။
မလိုက်ခဲ့နဲ့...လို့ပြောနေတာ။
နှုတ်ခမ်းကိုတင်းတင်းစေ့ပြီး ကြည့်သည်....ပြီးမှ..."သူ...ကယ်ရီ မောင်းအုံးမှာ...နေခဲ့ပါစေ"
ပြောပြီး..လှည့်ထွက်သွားတော့သည်။
ကိုငြိမ်းမိုးရော ဝတ်ရည်ရော...ဘဂျမ်းကို အားနာစွာကြည့်ပြီး သူ့နောက်ကိုပြေးလိုက်သွားကြရသည်။
YOU ARE READING
မိုးကောင်းကင်နှင့်ကမ္ဘာမြေ....ချစ်ခြင်းသက်သေ
Romanceမိုးကုပ်စက်ဝိုင်းနဲ့ ကမ္ဘာမြေကြီး ထိစပ်သွားသလိုထင်ခဲ့မိတဲ့ အချိန် ကလေးတိုင်းမှာရှိခဲ့ဖူးပါတယ်။ ဘယ်တော့မှ မထိစပ် မဆုံတွေ့ဘူးဆိုတာ သိနေတဲ့အရွယ်ရောက်သည့်တိုင်အောင် ကျွန်တော် မိုးကုပ်စက်ဝိုင်းနဲ့ကမ္ဘာမြေကြီး ဆုံတွေ့ပါစေလို့ ဆုတောင်းမိဆဲ....