#Unicode
"မနက်ဖြန် Tutorial ဖြေရမှာတဲ့။ စာမကျက်ချင်ဘူးကွာ"
"Tutorial ဖြေရတာများ ထူးထူးဆန်းဆန်း လုပ်လို့ လင်းရာ ရာ။ အရင်လိုပဲ ခိုးချလိုက်ပေါ့ဟ။ ခါတိုင်းလည်း ခိုးချနေကြကို။ ခုမှ ထပြီး ကြီးကြီး ကျယ်ကျယ် လုပ်နေတယ်"
"တခြားဘာသာတွေ ခိုးချလို့ အဆင်ပြေပေမယ့် ဌာနမှုး အချိန်ကြ ဘယ်လိုလုပ်မလဲ သာထူးရ"
"အေး ဟုတ်သားဟ။ မင်း ယောက္ခမကြီးကို မေ့နေတာ"
"စိတ်ညစ်လိုက်တာကွာ။ ကြောက်လည်း ကြောက်တယ်"
"အေးကွာ။ အရင်လိုပဲ ဌာနမှူးက ကိုကြီးစစ်ပိုင် အမေမှန်း မသိခဲ့ရရင် ကောင်းသား။ ခုလိုကြီး သိရတော့ နေရခက်ပြီး အနေအစားကြပ်တယ်"
"မင်းတို့က တော်သေးတယ်။ ငါက ပိုဆိုးတာပေါ့ ထူးခြားရာ။ သူသားနဲ့ကြိုက်နေတာကြီး။ ခုနောက်ပိုင်းဆို ဌာနမှူးနဲ့ မျက်နှာချင်းဆိုင်ရမှာတောင် လန့်လို့ အကြည့်ချင်းမဆုံမိအောင် ရှောင်နေရတယ်။ ဌာနမှူးကို မြင်ရင် ဟိုးအဝေးကြီးထဲက ပတ်ပြေးနေရတဲ့ဘဝ"
"မင်းကြောင့် ငါတို့ပါ ဌာနမှူးကိုမြင်ရင် လန့်နေရတယ်။ မင်းကလည်း ကြိုက်စရာရှားလို့ ဌာနမှူးသားမှ သွားကြိုက်ရတယ်လို့"
"ဟ ငါကလူကြီးကို ဌာနမှူးသားမှန်း သိမလားဟ သာထူးရ။ မနေ့တနေ့ကမှ သိရတာလေ"
"သိလည်း ကြိုက်တာပဲမလား"
"ကြိုက်တာ မဟုတ်ဘူး ချစ်တာ"
လင်းရာ ပြန်ဖြေတဲ့စကားကိုကြားပြီး သာထူးတို့ ဘီလူးမ သံပုရာခြမ်းကိုက်ထားသလို ရှုံးမဲ့သွားလေသည်။
"မင်းပဲပြောတော့။ မနက်ဖြန် တခြားဘာသာတွေကို ခိုးဖြေလို့ရတော့ မကျက်လည်းရတယ်။ လင်းရာ ယောက္ခမဘာသာကိုပဲ ကျက်လာခဲ့တော့မယ်။ အကျိုးမပေးတဲ့ သူငယ်ချင်းစုတ်လေး"
"ငါ့လည်း သနားပါဦးကွာ။ ဌာနမှူးစာသင်ချိန်ဆို ခေါင်းတောင် မဖော်ရဲဘူး။ တစ်ခါတစ်လေ ခေါင်းငုံ့ထားရလွန်းလို့ ဇက်တွေတောင်ညောင်းတယ်"
"မင်းထိုက်နဲ့မင်းကံပဲ။ ဌာနမှူးသားကိုမှ ချစ်မိတော့လည်း ခံပေါ့ကွာ"
YOU ARE READING
မြတ်နိုးစွာ နှောင်ဖွဲ့မိသော
Romanceတကယ်ပါ ခြေတစ်လှမ်း လှမ်းတိုင်း လူကြီးကို တစ်ခါလွမ်းခဲ့တာ။ ခင်ဗျားပေးခဲ့တဲ့ Foot Chainလေးက ခြေလှမ်းလိုက်တိုင်း ခင်ဗျားကိုလွမ်းဖို့ သတိပေးနေသလိုပဲ။ ကျွန်တော် ခြေတစ်လှမ်း လှမ်းရမှာတောင် ကြောက်နေခဲ့မိတာ။