Part 11

3.4K 150 0
                                    

Uni

"ငါ နင့်ကို ဆေးသောက်လို့ ပြောနေတယ်လေ မကြားဘူးလား”

"မသောက်ချင်ပါဘူးဆို ဘာလို့အဲ့ဆေးတွေပဲ လာသောက်ခိုင်းနေတာလဲဗျာ အဟွတ် အဟွတ်...”

"မသောက်ရင် နင်သေမှာပေါ့ဟဲ့ မြန်မြန်သောက်စမ်း”

"သေ သေ သေအေးတာပဲ မသောက်ဘူးဗျာ”

"အမယ်လေး ငါနင့်အတွက် ပြောနေတာဟဲ့ ကလေးသာဆိုလိုကတော့ လည်မျိုကို တက်နင်းပလိုက်တယ်”

"ဟာ အမေတို့ကလည်း ဘာဖြစ်နေတာလဲ မနက်အစောကြီးကို တိတ်တိတ်မနေဘူး ဘုရားခန်းရှေ့မှာ လာဘ်ပိတ်ကိုးပိတ်
ကိုကြီးကလည်း အောက်ကို ဆင်း မဆိုးဘူး အဲ့လောက်ဆိုးချင်နေလည်း ဒီအမေအနားမှာပဲ”

"အေး အဲ့လောက်ဖြစ်နေရင်လည်း ငါအောက်ဆင်းမယ်ဟာ နင့်အမေသာ ထိန်းထား နင့်တို့လည်း ပါးစပ်ပေါက် ပိတ်ထား”

"ပိတ်တာမှ ပြောကို မပြောချင်တာ နင်တို့ သားအမိက အချိန်မရွေး ဆူနေတော့ ပြောရတာပေါ့
၄ နာရီခွဲပဲ ရှိသေးတယ်
သူများတွေက ပြီးရင် တစ်နေ့လုံးလည်း အလုပ်လုပ်ရအုံးမှာ အလိုက်ကန်းဆိုးကို မသိကြဘူး”

"အလိုက်ကန်းဆိုး မသိရအောင် ငါက ဘာလုပ်နေလို့လဲ နင်တို့သာ....

"ဟေ့ကောင် မင်းတို့ ဘာတွေဖြစ်နေကြတာလဲ မင်းတို့သားအမိ မနေချင်ရင် ဆင်းသွား
ညီမတွေလုပ်စားလည်း စားနေသေးတယ် ညီမတွေမျက်နှာ မကြည့်ဘူး”

"ဘာတွေလာပြောနေတာလဲဗျာ”

"အမလေး တော်ကြပါတော့ မဆူတော့ပါဘူး
ရှင်လည်းတော် သမီး သီတာလည်း တော်တော့
နင်လည်း တော် အဲ့အရည်ကို သေအောင်သောက် ပြီးရင် ချောင်းသေအောင်ဆိုး နင်ဒီပုံစံအတိုင်းဆို မြန်မြန်သေမယ်”

"အမလေး မသေဘူး မသေဘူး တော်တို့လို လူတွေက ဒုက္ခပေးဦးမှာ
သေချင်သေ ကျုပ်တို့တွေသာ အရင်သေမှာ”

"ငါတို့ က နင်တို့ ဘာဒုက္ခတွေများ ပေးနေလို့လဲ ဟမ် ပြောစမ်း ကောင်မ
သူ့လုပ်စာ စားတယ်ဆိုပြီး”

"ဟေ့ကောင် မင်းပါးစပ်ကို ပိတ်ထား မင်းဘာဖြစ်နေတာလဲ ငါလုပ်ရင်သေတော့မယ်”

You had me at helloWhere stories live. Discover now