Part(24)

3.4K 105 8
                                    

Unicode+Zawgyi

❣️ဦး ဖန် တီး သော အ ချစ် သ င်္ကေ တ❣️

                💫Season 2💫

                  💫Part (24)💫

~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~

"မင်းမင်း "

ကစ်ကစ် ဈေးဝယ်ထွက်ဖို့ အပြင်ထွက်လာချိန်မှာ သူမကိုစောင့်နေတဲ့မင်းမင်းကိုမြင်လိုက်ရတော့ ခြေလှမ်းတို့ကရပ်တန့်သွားသည်။

မင်းမင်းက သူမဆီတဖြည်းဖြည်းလျှောက်လာရင်း...

"ကျွန်တော်တို့ ခဏလောက်စကားပြောလို့ရမလား ကစ်ကစ် "

အခု မင်းမင်းက အရင်နေ့တွေကလို မျက်နှာကနွမ်းလျပြီး ညိုးငယ်နေသည့် မင်းမင်းမဟုတ်။ ဆံပင်ကို သေချာဖြီးထားပြီး တည်ကြည်နေသည့် မင်းမင်း။

"အင်း"

"ကော်ဖီဆိုင်သွားကြမလား "

"နင့်သဘောပါ နင်ပြောစရာရှိတာမှတ်လား"

"ဒါဆို သွားရအောင် "

မင်းမင်းကရှေ့ကနေ အရင်ဆုံးသွားသည်။
ကော်ဖီဆိုင်ရောက်သော်...

"ဘာပြောစရာရှိတာလဲ"

ကစ်ကစ်အရင်ဆုံးမေးခွန်းမေးလိုက်သည်။ ပြီးနောက် ကော်ဖီကို တစ်ငုံသောက်လိုက်သည်။ အရင်နေ့တွေက အစားမြင်ရင် အန်ချင်ပေမဲ့ ဒီနေ့တော့ ထူးဆန်းနေသည်။ မအန်ချင်ဘဲ ကော်ဖီကသောက်လို့ကောင်းနေသည်။ မင်းမင်းရဲ့ဒီလိုပုံစံကို မမြင်ရတာကြာလို့များလား။

"မ..."

ကစ်ကစ်ကြားပေမဲ့ မထူးပါ။ ဒါပေမဲ့ မင်းမင်းကိုတော့ မော့ကြည့်လိုက်သည်။

"မဖြစ်စေချင်လို ကျွန်တော် မကိုလွှတ်ပေးပါမယ် ဒီကိစ္စကို နောက်ထပ်စကားမစတော့ဘူး ဒါက မကိုမရွေးချယ်တာမဟုတ်ဘူး အကယ်၍ မပင်ပန်းလို့ နားခိုစရာရင်ခွင်မရှိရင် ကျွန်တော့်ဆီအချိန်မရွေးလာလို့ရတယ် ဒီစကားပြောချင်လို့ပါ ပြီးတော့ ကိုယ်ဝန်ရှိလာရင် မဖျက်ပါနဲ့ မ မမွေးချင်ရင် ကျွန်တော့်ကိုတော့မွေးခွင့်ပြုပါ "

မင်းမင်းနှုတ်က သူ့အစ်မကို မရွေးချယ်ဘူးဆိုပေမဲ့ ကစ်ကစ်အမြင်မှာတော့ သူက သူ့အစ်မကို ရွေးချယ်လိုက်တာပဲ။ ကစ်ကစ်အချစ်ရေးကံမကောင်းဘူးလို့သတ်မှတ်ရမှာပေါ့။

ဦးဖန်တီးသောအချစ်သင်္ကေတ/ဦးဖန်တီးသောအချစ်သ‌င်္ကေတ (Season 2)[Completed]Where stories live. Discover now