ဆွေပြမျိုးပြ
ဒီဇင်ဘာပိတ်ရက်ရောက်တာနဲ့ ခရီးထွက်ဖို့ပြင်ကြရတယ်။ ဝတ်ရည်က လင်းသန့်အစားဂျူတီဝင်ပေးမှာဆိုတော့မလိုက်ဘူး။ ဒါ ဒေါက်တာလင်းသန့်တမင်စီစဥ်ထားတဲ့အကြောင်းတွေ။ နှစ်ယောက်ထဲခရီးသွားချင်လို့ လုပ်ထားတာ။
"ငါလဲ လိုက်ချင်တာကို....ခွင့်ယူလိုက်ရင်ရတယ်လေ လင်းသန့်ရဲ့...လိုက်ခဲ့မယ်လေ....ဖွားတို့နဲ့မတွေ့ရတာကြာနေပြီ"
"မေမေရော ဖွားရော နင့်ကိုသတိရနေပါတယ်....ဒါပေမဲ့ ဆေးရုံမှာ ငါတစ်ယောက်ထဲခွင့်မဟုတ်ဘူးလေ...ခွင့်ကနှစ်ယောက်ယူပြီးနေပြီကို နင်ကထပ်ယူတော့ ဆေးရုံမှာ ဆေးရုံအုပ်ကြီးပဲကျန်ခဲ့လိမ့်မယ်"
"ဟုတ်တော့လဲဟုတ်ပါတယ်လေ...နောက်မှသွားပါတော့မယ်....ဒါမှမဟုတ်လဲအပြန် ဖွားတို့ကိုခေါ်ခဲ့ပါလား"
"ခေါ်လို့ရရင် ခေါ်ခဲ့မယ်"
"နင် လျှောက်မလည်နဲ့နော်"
"မလည်ဘူး..အိမ်မှာပဲနေမှာ"
"New year ကဘယ်မှာလုပ်မှာလဲ"
"အဲ...အဲ့ဒါတော့ မသိသေးဘူး"
"လိုက်ချင်တာကိုဟာ...."
"နောက်တစ်ခေါက် အာကာလဲ အားတဲ့ရက်ထပ်သွားကြမယ်လေဟာ...ရန်ကုန်နဲ့ဧရာဝတီနီးနီးလေးပါ...ခုသွား...ခုရောက်တယ်"
"အေးပါ"
တစ်မနက်ခင်းလုံး ဝတ်ရည်ကိုချော့မော့နေရသေးတယ်။ တော်ကြာ စိတ်ဖောက်ပြီးချက်ချင်းထလိုက်မှာ ကြောက်လို့။
မောင်နဲ့အတူ လွတ်လွတ်လပ်လပ်သွားချင်တာလေ...နော့။အဝတ်အစားတွေထည့်ပြီး....မောင်တစ်ယောက် ဘာတွေထည့်နေပါလိမ့်လို့ သွားစစ်ဆေးရမယ်။
"အန်တီထား...သား....ဘဂျမ်းဆီခဏသွားလိုက်အုံးမယ်"
"သွားလေ...သား....ကားကိုရောစစ်ပြီးပြီလား"
"စစ်ပြီးပြီ အန်တီထား...မနေ့က ဘဂျမ်းသွားစစ်ပြီးပြီ"
ခရီးတိုဆိုပေမဲ့ ကားကိုသေချာစစ်ပြီးမှ ခရီးထွက်ကြတာအကောင်းဆုံးပါပဲ။ စက်ပစ္စည်းဆိုတာမျိုးက လူပေါ့ဆရင်ပေါ့ဆသလို ပြသနာတက်တယ်တယ်လေ။
YOU ARE READING
မိုးကောင်းကင်နှင့်ကမ္ဘာမြေ....ချစ်ခြင်းသက်သေ
Romanceမိုးကုပ်စက်ဝိုင်းနဲ့ ကမ္ဘာမြေကြီး ထိစပ်သွားသလိုထင်ခဲ့မိတဲ့ အချိန် ကလေးတိုင်းမှာရှိခဲ့ဖူးပါတယ်။ ဘယ်တော့မှ မထိစပ် မဆုံတွေ့ဘူးဆိုတာ သိနေတဲ့အရွယ်ရောက်သည့်တိုင်အောင် ကျွန်တော် မိုးကုပ်စက်ဝိုင်းနဲ့ကမ္ဘာမြေကြီး ဆုံတွေ့ပါစေလို့ ဆုတောင်းမိဆဲ....