2.4

1K 131 2
                                    

Unicode
ယင်းလန် သူမကိုရှေ့ထားပီး တိုင်ပင်နေကြတဲ့ နှစ်ယောက်ကို စိတ်မရှည်စွာနဲ့ကြည့်နေလိုက်တယ်

"ထန်ရန် ဟန်ရဲ့စကားကိုနားထောင်ပီး
ရှေ့ကမိန်းကလေးကိုပြန်ကြည့်တော့
သူမရဲ့အမူအရာကရုတ်ချည်းပြန်ပြောင်းလဲသွားတော့သည်
အခုနက လှည့်ဖျားလိုတဲ့အမူအရာမဟုတ်တော့ နာခံတတ်တဲ့မိန်းကလေးအဖြစ်ပေါ့

ထန်ရန် မျက်ခုံးတစ်ဖက်ကိုသာပင့်မိသည်"

သူမလေးကမခေဘူးပဲ

ယင်းလန်မင်းရဲ့နာမည်ဟုတ်တယ်နော်
ဘယ်လိုကြောင့် မင်းဒီအခန်းထဲဝင်လာခဲ့လဲမသိပေမယ့်
မင်းရဲ့အသက်တစ်ချောင်းကိုဖျက်စီးဖို့က
ငါ့အတွက် လွယ်ကူတယ်နော်

အိုး......ဝမ်ရယ်က ကျမကိုခြိမ်းခြောက်နေတာဘဲ ကျမထင်တာတော့
ဝမ်ရယ်သာ ကျမကိုသတ်ချင်ရင်အခုထိ
စောင့်နေစရာမလိုလောက်ဘူးထင်တယ်

"ယင်းလန်တကယ်ကြီးကို ရည်ရွယ်ပီးလုပ်ခဲ့တာပါ
သူမပျင်းတယ်လေ ဇာတ်လိုက်မကလဲအခုထိမလှုပ်ရှားသေးဘူး
အင်း....မနက်ဖြန်လောက်ဆိုရင်တော့....
သူမဝမ်ရယ်နဲ့တွေ့ချင်တယ်လေ ဘယ်လိုအကြောင်းကြောင့် မူလယင်းလန်သေခဲ့ရလဲဆိုတာသိဖို့
ပီးတော့ ပညာနည်းနည်းပေးရမယ်"

ဟက်.....ကိုယ်တော်ရဲ့ပုံစံကအဲ့လိုဖြစ်နေလား
မင်းက ကိုယ်တော့်ကို စိန်ခေါ်လိုက်တာပေါ့လေ

ဟင်း....ကျမ မလုပ်ရဲပါဘူး
ဝမ်ရယ်လို ထက်မြက်တဲ့သူတစ်ယောက်က
ဒီလိုလုပ်ရပ်မျိုးမလုပ်ဘူးဆိုတာ ယုံကြည်နေရုံပါ
ဝမ်ရယ်က ကျမရဲ့ယုံကြည်ချက်လေးကို
ဖျက်စီးတော့မို့လားဟင်

"ထန်ရန်သေချာပေါက်ဒီမိန်းကလေးရဲ့ မျက်နှာများမူကိုမတုံ့ပြန်နိုင်ပေ
သူမရဲ့ပုံရိပ်လေးက သူမဟာသာမန်ထက်မထူးခြားပေမယ့် သူမရဲ့မျက်ဝန်းတွေထဲမှာတော့ အထင်မသေးသင့်တဲ့အရိပ်အမြွက်လေးတွေထင်ဟပ်နေသည်
သူမ သူ့ကိုအကဲခတ်နေတာပဲ
သူမဝင်လာတည်းကသူသတိထားမိပေမယ့်သူမဘာဆက်လုပ်မယ်ဆိုတာ သိချင်လို့ စောင့်ကြည့်နေခဲ့ခြင်း

သူမက သူ့တူတော်ရဲ့ကြင်ယာတော် ပင်
ဒါဆိုသူမသူနဲ့ အချိန်သွားဖြုန်းသင့်သည်လေ"

villain systemWhere stories live. Discover now