Part 13

3.1K 138 0
                                    

Uni

အခန်းထဲမှာတော့ အားလုံးက ပုံမှန်အတိုင်းပင်။
တစ်ချို့တွေကတော့ fresher welcome အတွက် လေ့ကျင့်နေကြသည်။

"ခွန်း"

"ဟာ ရတီ လာပြီလား"

"နင် တစ်နေ့က ဆိုင်ကယ်တိုက်ခံရတယ်ဆို"

"ဘာ"

"တကယ်လား"

"ခွန်း ငါတို့ကို ဘာလို့ ဘာမှ မပြောတာလဲ"

"ဘာဖြစ်သွားသေးလဲ"

"ပြဦး ပြ ပြ"

"အော် ဘယ်လိုတွေ ဖြစ်နေကြတာလဲ
ဆိုင်ကယ်တိုက်ခံရတာ မဟုတ်ပါဘူး
ဆိုင်ကယ်က အနားက ကပ်မောင်းသွားတာ
ငါက လန့်ပြီး နောက်ဆုတ်လိုက်တော့ လဲကျသွားတာ
ဒါနဲ့ ရတီက ဘယ်လိုလုပ်သိတာလဲ"

"ငါ့ ကောင်လေး ပြောလို့သိတာ
နင့်ကို ဘယ်သူတိုက်သွားတာလဲ နင်သိလား"

"ဟင့်အင်း"

"roll 1 တဲ့"

"ဘာ"

"roll 1 က ဘာဖြစ်လို့ တိုက်သွားတာလဲ"

"ခွန်း နင့်ကို သူလာတောင်းပန်သေးလား"

"နင်တို့က ခဏနေပါဦး ငါ့စကားလေးကို ဆက်ပါရစေဦး"

"အေး အေး ပြော"

"အဲ့ဒါဟာ သူကို အဲ့နေ့တုန်းက teachel က အဆောင်ကနေ လှမ်းခေါ်လို့ အမြန်လာ အရေးကြီးတယ်ဆိုလို့
teachel ကို သွားခေါ်တာ
လမ်းမှာ နင့်ကို မတော်တဆ ပွတ်ဆွဲမိသွားတာတဲ့
အဲ့တာ သူက ပြန်တောင်းပန်ချင်ပေမယ့် အရေးကြီးနေတော့ ဆိုင်ကယ် ရပ်ပြီး မတောင်းပန်ဖြစ်တာတဲ့
အခု နင့်ကို တောင်းပန်ချင်လို့တဲ့ အဲ့ဒါ ပြောခိုင်းလို့"

"သေလိုက်ပါလား သူတောင်းပန်ချင်ရင် အဲ့ဒီ့နေ့ကတည်းက လာတောင်းပန်ပါလား"

"အေးလေ ကြားထဲမှာလည်း ရက်တွေ အများကြီးတောင် ခြားသွားပြီ"

"ဘာလဲ သူက သူတောင်းပန်ချင်တဲ့ အချိန်မှ ထပြီးတောင်းပန်တာလား"

"ခွန်း လက်မခံနဲ့ အပြတ်သာ စိတ်ဆိုးပလိုက်"

"ဟုတ်တယ် ဟုတ်တယ် ခွင့်လွှတ်မယ် ဆိုရင်တောင် ရိုးရိုးတန်းတန်းတော့ ခွင့်မလွှတ်နဲ့"

You had me at helloWhere stories live. Discover now