Part2(uni+zawgyi)

3.6K 158 14
                                    

Uni
ကိုကို ထမင်းစားခန်းထဲဝင်လာတော့
နက် အခန်းထဲက ထွက်သွားလိုက်တယ်

မှတ်မိသေးတယ် လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်လောက်ကပေါ့
ဖေဖေက အလုပ်ကိစ္စနဲ့ ခရီးသွားတယ် တစ်ပတ်လောက်ပဲကြာမှာဆိုပေမယ့်
နက်နဲ့ကိုကို့ကို သူ့အစ်မဝမ်းကွဲဖြစ်သူ ကြီးကြီးမြနဲ့ စိတ်ချလက်ချထားခဲ့တာပါ

အဲ့နေ့က ဒေါ်လေးမေအိမ်ကို အလယ်သွားတဲ့ ကိုကိုက ပြန်လာတည်းက နက်ကိုစကားမပြောတော့ဘူး နက်အနားကိုတောင်မကပ်တော့ဘူး

"ကိုကို နက်ဗိုက်ဆာတယ် ထမင်းစားရအောင်လေ နော်"

ကိုကိုက နက်ကိုမျက်ထောင့်နီကြီးနဲ့ကြည့်ပြီး

"မင်းဟာမင်းစားပါလား ငါ့ကိုဘာလို့လာခေါ်နေတာလဲ နောက်တစ်ခါဆို ငါ့ကိုမင်းနဲ့ အတူထမင်းစားဖို့လာမခေါ်နဲ့ ငါစားနေတဲ့ အချိန်လဲ မင်းလာမစားနဲ့ သွား သွားစမ်းကွာ ငါ့နားမှာမနေနဲ့ စိတ်ရှုပ်တယ်"

ကိုကို့စကားကြားပြီးတော့ နက်အံ့သြလို့ ထမင်းဆာနေတာတောင် ပြောက်သွားတယ် နောက်ပိုင်းလည်း နက်တို့ထမင်းဘယ်တော့မှတူတူမစားရတော့ဘူး

အရင်က ကိုကို့ပန်ကန်ထဲက ထမင်းကို ကိုကိုခွံ့ကျွေးမှစားတတ်တဲ့ ပုလဲနက်ဆိုတဲ့ ကလေးလေးက အဲ့အချိန်က စပြီး သူထမင်းစားတာတောင် သူ့ကိုကိုမမြင်ရတော့ဘူး

"သားကြီးထည့်စားလေ သားကြီးကြိုက်တဲ့ အုန်းနို့ငါးဖယ်ချက် နက်လေးကိုယ်တိုင်ချက်ထားတာ "
ခန့်ထယ်ဝါသိတာပေါ့ ဒါဘယ်သူလက်ယာလဲဆိုတာ
"ကြီးမြ ရောထည့်စားလေ ဘာလဲ ဟိုတစ်ယောက်အတွက်မကျန်မှာဆိုးလို့လား"
"မဟုတ်ပါဘူး သားရဲ့ ထည့်စားပါတယ် ကြီးကြီးနဲ့သိပ်မတည့်လို့ပါ ပြီးတော့နက်လေးက အုန်းနို့ငါးဖယ်မစားဘူးသားရဲ့ သားကြီးအတွက်ပဲ သူချက်ပေးတာ "
"အော်
    သူရော စားပြီးပြီလား "
"မစားရသေးဘူးသားကြီး သိတဲ့အတိုင်းပဲ ဘာ်လိုမှခေါ်လို့မရဘူး ကြီးမြတို့စားပြီးမှစားမယ်တဲ့လေ တူတူစားပါဆိုတာကို "
"......."
ဒီကောင်မလေး သူ့စကားကိုတော့ တော်တော်မှတ်ထားတာပဲ ငယ်ငယ်တည်းကပြောထားတဲ့ စကားကို လုံးဝမမေ့ဘူး တခါတလေ ကျောင်းကပြန်လာလို့ ဗိုက်ဆာနေရင်တောင် သူရှိရင် လုံးဝ မစားဘူး အစာခံနေတတ်တယ်
အခုဆို ပုလဲနက်ကို ထမင်းခွံ့ခဲ့တဲ့ကိုယ်က ပုလဲနက် ထမင်းစားတာတောင် မမြင်ဖူးတော့ဘူး
ကိုယ်ခွံ့မှ ထမင်းစားတဲ့ကလေးလေးကလည်း ထမင်းစားခန်းထဲ ကိုယ့်ကိုမြင်ရင်တောင် ထမင်းစားခန်းထဲက ထွက်သွားတတ်နေပြီလေ

တစ်ချက်လေး စောင်းငဲ့ကြည့်ဦးWhere stories live. Discover now