Chapter-3 (Part 1)

3.1K 549 3
                                    


ZAWGYI

Warning: Xiao Xuan is still underage.

Please don't continue reading if you feel uncomfortable.

မကြာသေးမီက မိုးခဏခဏရွာထားတာကြောင့် ရာသီဥတု သိသိသာသာပြောင်းလဲနေတယ်။ ဆောင်း ဦးရာသီဖြစ်သင့်သော်လည်း မိုးကခနခနရွာနေတုန်းပဲ။ အချိန်ကခုနှစ်နာရီသာရှိသေးပေမယ့် ကောင်းကင်ကမည်းမှောင်နေပြီး နောက်ထပ်ပြင်းထန်သောမိုးသက်မုန်တိုင်းတစ်ခုကျရောက်နေပုံရတယ်။ ဤကဲ့သို့ရာသီဥတုမျိုးမှာ bar ၌အလုပ်ရှိလိမ့်မည်မဟုတ်သော်လည်း ကျောင်းလီကတော့အပြင်သို့ထွက်နေဆဲဖြစ်တယ်။

အကယ်၍ ကျောင်းလီသာ ရိုးရာဂီတ ကျောင်းတက်ရန် စာရင်းသွင်းနိုင်ခဲ့ပါက သူအခုလောက်ဆိုအတော်လေးအောင်မြင်မှာ ဖြစ်ကောင်းဖြစ်နိုင်တယ်၊ ဒါပေမယ့်ကျောင်းစရိတ်က တကယ်ကိုဈေးကြီးလွန်းတယ်။ ကျောင်းလီကငွေရေးကြေးရေးအဆင်မပြေတဲ့မိသားစုမှဖြစ်တယ်။ သူကလူကောင်ကြီးပြီးအရပ်ရှည်တယ်။ ကျောင်းစာမှာလည်းသိပ်မတော်ဘူး။ သူ့အမေကအနုပညာရှင်တစ်ယောက်ရဲ့စိတ်နေစိတ်ထားကိုဘယ်လိုမြင်နိုင်မလဲ။ ဒါ့ကြောင့် နည်းပညာကျောင်းသာပို့လိုက်ပြီးနောက် အလုပ်မြန်မြန်ထွက်လုပ်စေတယ်။

အူးယမ်ရှီးဝမ်က သူ့သူငယ်ချင်းဟာအချောမသတ်ရသေးတဲ့ကျောက
်စိမ်းလိုဖြစ်ပေမယ့် အရည်အချင်းအပြည့်အ၀ရှိတယ်လို့အခိုင်အမာယုံကြည်တယ်။ ဒီလရဲ့လစာကိုရပြီးတဲ့နောက်မှာတော့ အူးယမ်က နောက်လမှာကျင်းပမယ့် နာမည်ကျော်တီးဝိုင်းတစ်ခုရဲ့လက်မှတ်ကို ကျောင်းလီဆီ လက်ဆောင်ပေးဖို့စီစဉ်ခဲ့တယ်။ သူတို့ကတကယ်နာမည်ကြီးတယ်၊ဒါပေမယ့် အရေအတွက်ကအကန့်အသတ်နဲ့ရောင်းတာမို့မနည်း
ဝယ်ခဲ့ရတယ်။

အဲ့ဒီချိန် တံခါးခေါက်သံကြားလိုက်ရတာမို့ မတ်တပ်ရပ်လိုက်ပြီး အူးယမ် ပြုံးလိုက်တယ်

"မင်းကိုအပြင်မထွက်ဖို့ငါပြော............"

"ဆရာ "

တံခါးအပြင်ဘက်တွင်ရပ်နေတာကတော့ အပြင်ကပြန်လာတဲ့ ကျောင်းလီမဟုတ်ပဲ မိုးရေတွေရွှဲစိုနေတဲ့ ရှောင်ရွှမ်းရယ်ပါ ။

"အယ်! မင်း ... "

အူးယမ် အလွန်အံ့သြသွားပြီးသူ့ရဲ့ပျော်ရွှင်မှုက ပြင်းထန်လွန်းသဖြင့် အတန်ငယ်အော်ဟစ်ချင်သွားတယ်။

Going Against The Wind (Myanmar Translation) CompletedWhere stories live. Discover now