အပိုင်း ၁၄ (လိမ်ရလွယ်တဲ့သားကောင်)

3.4K 527 0
                                    

[Zawgyi]

အပိုင်း ၁၄ (လိမ်ရလွယ်တဲ့သားကောင်)

သတ္တိနည်းပြီး မဝံ့မရဲရှိတတ်တဲ့ ကျူးဟွိုက်ယုံးဟာ ယွမ်မင်းဆက်ရဲ့ အုပ်ချုပ်မှုကိုပုန်ကန်ခဲ့သည်။ သူ့ရဲ့ ထူးချွန်တဲ့အရည်အသွေးနဲ့ ပါးနပ်တဲ့ ဗျူဟာရေးဆွဲပုံတွေကြောင့် ခဏချင်းပင် ထိုထကြွမှုရဲ့ ခေါင်းဆောင်ဖြစ်လာပြီး စစ်မြေပြင်မှ များစွာသော အောင်မြင်မှုတို့ကို သိမ်းပိုက်နိုင်ခဲ့သည်။ ၁၀နှစ်မပြည့်မှီအချိန်မှာပဲ ယွမ်မင်းဆက်ကိုဖြုတ်ချပြီး မင်မင်းဆက်ကြီးကို ထူထောင်လိုက်နိုင်ခဲ့သည်။

ထိုစစ်ကြောင့် မငြိမ်မသက်ဖြစ်သွားခဲ့တဲ့တိုင်းပြည်ကို ပြန်လည်ထူထောင်ဖို့ ၁၀နှစ်နီးပါး အချိန်ယူခဲ့ရသည်။ ဒါတင်မကသေး ရန်လိုနေတဲ့ အခြားတိုင်ပြည်တွေကိုလည်း နယ်စပ်မှဝေးရာသို့ တိုက်ထုတ်ခဲ့ပြီး ပြန်မတိုက်ရဲနိုင်လောက်အောင်ထိ စစ်ထိုးခဲ့သည်။

အနားယူသွားတဲ့ ဧကရာဇ်ကျူဟွိုက်ယုံးဟာ နှစ်တစ်ရာမှာ တစ်ခါသာပေါ်တတ်တဲ့ စစ်ရေးပါရမီရှင်လို့ တင်စားရလိမ့်မည်။ ဒါပေမယ့် သူ့ရဲ့ တိုင်းပြည်အုပ်ချုပ်တဲ့ပုံစံကတော့ သာမန်လောက်ပင်။ မင်းဆက်တစ်ဆက်ကို ထူထောင်စချိန်တွင် တစ်တိုင်းပြည်လုံး အဆုံးမရှိတဲ့ တိုက်ပွဲတွေနဲ့ ဖရိုဖရဲဖြစ်ခဲ့သည်။ အကျိုးဆက်အနေနဲ့ စိုက်ပျိုးပင်တွေပျက်စီးလာပြီး လယ်မြေမလုံလောက်မှုတွေကြောင့် အငတ်ဘေးနဲ့ စပါးနှုန်းဖောင်းပွခြင်းတို့ကို ဖြစ်စေခဲ့သည်။ တိုင်းသူပြည်သားတွေလည်း ဒီဆင်းရဲဒုက္ခအမျိုးမျိုးအောက်မှာ ရုန်းကန်ကြရတော့သည်။

လက်ရှိဧကရာဇ်မှာ ပထမအင်ပါယာက သက်တမ်းအရင့်ဆုံးဧကရာဇ်မင်းကြီး၏ မြေးဖြစ်သည်။ သူ၁၂နှစ်သားအရွယ်မှာပင် ပင်လယ်ခရီးစဉ်တွင် အသုံးပြုဖို့ ရေယာဉ်ဆောက်လုပ်ရေးတွေမှာ လှေသမားတွေကို ဦးဆောင်မှုပေးနိုင်တဲ့ ပါရမီရှင်လူငယ်လေးတစ်ဦးဖြစ်နေပြီဖြစ်သည်။ သူကိုယ်တိုင်လည်းခရီးနှင်ပြီး ငရုတ်၊အာလူး၊မြေပဲ၊ကန်စွန်းဥ စတဲ့ကောက်ပဲသီးနှံတွေကို ပြန်လည်ယူဆောင်လာတတ်သည်။ ဒါ့အပြင် ဒေသထွက် လက်ဖက်၊ကြွေထည်နှင့်ပိုးထည်တို့ကိုလည်း အရှေ့ပိုင်းဒေသသို့ တင်သွင်းခြင်းများ ပြုလုပ်ခဲ့သည်။

သက်တန့်ရောင် မိန်းမပျို Book 1 (MMTranslation) Where stories live. Discover now