ပူတယ်လေ...ဆယ်နွေကဲ
.
.
.ဒေါက် ဒေါက် ဒေါက် ဒေါက်....
တံခါးခေါက်သံကြောင့် ဘဂျမ်းနိုးလာခဲ့သည်။
ဖွင့်ပေးလိုက်တော့...ငယ်ထွေးရယ်...အခန်းထဲဝင်လာသည်။"မောင်...အိပ်ပျော်နေတာလား"
"အင်း....."
"ငယ်မသိလို့....အိပ်ပျော်နေတာသိရင်မနှိုးပါဘူး...."
"ရတယ်....ညနေတောင်စောင်းပြီလေ....ငယ်ထွေး မောင့်ကိုပြောစရာရှိလို့လား"
"အင်း...မောင်...မျက်နှာမကောင်းသလိုပဲ...နေမကောင်းလို့လား"
နဖူးပါ်ကျနေတဲ့ဆံပင်တွေကို သပ်ကာပေးရင်း ရင်ခွင်ထဲဝင်လာပြန်သည်။
အခန်းတံခါးပိတ်ထားပေမဲ့မလုံမလဲပင် ဘဂျမ်း တံခါးဆီကိုလှမ်းကြည့်မိသည်။"နေလို့ကောင်းပါတယ်...အိပ်ယာနိုးစမို့လို့ပါ....အော..ငယ်ထွေးကို ပြောရအုံးမယ်"
"ပြောလေ"
အငြိမ်မနေ လျှောက်စမ်း လျှောက်နမ်းနေတဲ့ခေါင်းလေးကို ဖမ်းကိုင်ပြီးမျက်နှာလးကို ကြည့်ရသည်။
မျက်ဝန်းကြည်လေးတွေက တလဲ့လဲ့..."အမေတို့ အဖွားတို့ရှေ့ ယောင်ပြီး မောင်လို့ခေါ်မိနေအုံးမယ်...သတိထားလို့...နော်"
"ခေါ်မိပြီးပြီ"
"ဟမ်!!!"
"ငယ်ရောပဲ လန့်တော့သွားတယ်....တော်သေးတာပေါ့ ဖွားကိုပြောရင်းနဲ့ယောင်တာမို့လို့...မေမေနဲ့ဆိုရင်....မလွယ်ဘူး....ဖွားကသတိမထားမိလို့ပေါ့"
ပြောရင်း ငယ်ထွေးမျက်နှာလေးတစ်မျိုးဖြစ်သွားသည်။
ခက်ခဲမယ်ဆိုတာ နှစ်ယောက်လုံးသိပြီးသားပဲလေ။ ထူးထွေပြီး ခံစားနေစရာမရှိပါ။"အင်း...မောင်လဲ မနေ့ကတည်းက သတိပေးမလို့ပဲ...ခုရော....အခန်းထဲဝင်လာတာမြင်ရင်မကောင်းဘူးနော်"
"အင်းပါ....ဒါပေမဲ့...ကိစ္စတွေအားလုံးကို ငယ်ရင်ဆိုင်မှာမို့လို့ မောင် ငယ့်အနားမှာ နေပေးနော်....မောင်ရှိရင် ငယ် အဆင်ပြေပြေဖြေရှင်းနိုင်မှာပါ....အချိန်တော့နည်းနည်းလိုတယ် မောင်......မောင်က အားတင်းထားပါနော်"
YOU ARE READING
မိုးကောင်းကင်နှင့်ကမ္ဘာမြေ....ချစ်ခြင်းသက်သေ
Romanceမိုးကုပ်စက်ဝိုင်းနဲ့ ကမ္ဘာမြေကြီး ထိစပ်သွားသလိုထင်ခဲ့မိတဲ့ အချိန် ကလေးတိုင်းမှာရှိခဲ့ဖူးပါတယ်။ ဘယ်တော့မှ မထိစပ် မဆုံတွေ့ဘူးဆိုတာ သိနေတဲ့အရွယ်ရောက်သည့်တိုင်အောင် ကျွန်တော် မိုးကုပ်စက်ဝိုင်းနဲ့ကမ္ဘာမြေကြီး ဆုံတွေ့ပါစေလို့ ဆုတောင်းမိဆဲ....